နွယ်ပင်ဝေ့လည်
ပင်ကိုင်းလိမ်သည်..
ကြိမ်ဖက် တထောက်
လိမ်ဖန်ထောက်တော့
မီးစာကို ကူး..
ငြီးလို့  တောက်လောင်..
နှေုာက်တောင်တောင်နဲ့ 
ဂေါက်ကြောင်ကြောင်ကာရေး..
နောက်ကောင်မလေးအတွက်လဲမဟုတ်ပါ...
ကြေငြာခြင်း..
Donation from International students and workers from Malaysia via by Monestary
ကျွန်တော်အကြိုက်ဆုံးသီချင်း
Wednesday, April 30, 2008
ကိုက်၃၀ အတွင်းပြေးပေါက်မရှိလောင်မြိုက်သည်..
Posted by
BLANK PAPER
at
6:29 AM
0
comments
Labels: My Poems in Burmese
ငါ့ချည်းသာလော...
ကိုယ်ပဲလို့  အပို ချွဲမနေပါ...
ပြိုလဲလို့  ခိုတွဲမနေပါ...
ငိုခဲလို့  စိုရွှဲမနေပါ..
ဆိုမြဲသမို့  အိုမြဲဓမ္မတာ...
Posted by
BLANK PAPER
at
5:59 AM
0
comments
Labels: My Poems in Burmese
Monday, April 28, 2008
ကိုယ့်ကိုယ်ကိုတောင်ပျောက်ဆုံးတယ်..
အညာဘယ်ကို လှမ်းလဲမသိ
ကဗျာသူငယ်ငို ကျမ်းလဲမရှိပါ...
အထာမကြွယ်လို ၀မ်းလဲမချိသာ..
ငါဘယ်လို လွမ်းလဲမသိတော့ပါ...
Posted by
BLANK PAPER
at
7:43 AM
2
comments
Labels: My Poems in Burmese
Mandalay
Palace of the golden city where our Kingdom Strayed
Stretches of the steady moat and lotus where our viceroy stayed...
Symphonic cask to said for timely of the day..
The pagoda mountain of the fallen heroes blood curse to be lay..
Posted by
BLANK PAPER
at
4:21 AM
0
comments
Labels: My English poems
Saturday, April 26, 2008
ကွပ်မျက်ခြင်း..
ဒဏ္ဍာရီရဲ့  ဿရတစ်ဆင်း...
ခုန်ဆင်းလို့  နှင်းအပ်လိုက်တယ်...
ရင်ဘက်ကဗျည်းတွေ တလုံးချင်းအလွမ်းအက္ခာရာတွေ စီချယ်လို့ ...
လက်ဝဲသုန္ဒရရဲ့  အသနားခံတောင်းဆိုခြင်းလော..ထားပါလေ
ပါးတဖက်ကိုမေးပါ လက်ဝါးတွေအကြောင်းသိတယ်..
နှလုံးသားကိုမေးပါ မင်းပြစ်လွှတ်လိုက်တဲ့ ၀င်္က၀ုတ္တိတွေအကြောင်းကိုသိတယ်..
ရှင်ပြုတုန်းရွှေထီးဆောင်း ရှင်ဘုရင်လုပ်တာကို မေ့ပါ..
နုတ်မိန့် က တခုထဲရယ်ပါ အဲဒါ "စွန့် ပြစ်ခံရခြင်း" ပေါ့...
Posted by
BLANK PAPER
at
7:56 AM
1 comments
Labels: My Poems in Burmese
မျက်ဝန်းများအန်ချသော်..
ရောင်နီလာ နတ်ယွန်းမယ်ရေ..
အမှောင်ဆီမှာ ပျက်ကြွင်းကြယ် တို့ ..
နှောင်ချီကာ မျက်ဝန်းငယ် သို့ ..
ခုံဆင်းလို့  သဂြိုလ်...
ဘုံသီချင်းတို့  ဆို နေပေါ့...
Posted by
BLANK PAPER
at
7:39 AM
1 comments
Labels: My Poems in Burmese
Thursday, April 24, 2008
မှတ်ချက်မပျယ်..
ခြောက်သွားသော ပန်းများလဲ မွှေးနေဆဲ..
ခေါက်ထားသော အလွမ်းများလဲ ဝေးနေမြဲ..
လျှောက်သွားသော လမ်းများလဲ ဆွေးထွေလို့ ...
ပျောက်သွားသော အနမ်းများလဲ သွေးမြေသို့ ...
Posted by
BLANK PAPER
at
11:57 PM
1 comments
Labels: My Poems in Burmese



