ရင်ခုန်သံတွေ ပုံလို့ ခင်း မင်းရဲ့ အလင်းနဲ့ ...
ရင်ခွင်ကိုဖော့နင်း မင်းရဲ့ အဆင်းကို...
လေပြေမိတ်ဖွဲ့  ယိမ်းနွဲ့ လို့ တိမ်း..
ကယိမ်းကဗျာ အလှ သိမ်းရင်မှာ..
ချစ်ဆဲပါ........
ကြေငြာခြင်း..
Donation from International students and workers from Malaysia via by Monestary
ကျွန်တော်အကြိုက်ဆုံးသီချင်း
Monday, February 18, 2008
ချစ်သူအလှဖွဲ့ ....
Posted by
BLANK PAPER
at
3:20 AM
0
comments
Labels: My old poems..
ကျွန်တော်သိသော နှင်းစက်
ဆောင်းရာသီတွင်ကောင်းကင်ယံမှ နှင်းစက်တို့ သည် ကျမြဲ ခိုတွဲမြဲ...
ထိုနှင်းစက်တို့ သည်လည်း သစ်ပင်၊ ပန်းမန်များပေါ်တွင် ကျမြဲ၊ ခိုတွဲမြဲ..
ဆောင်းရာသီတွင် လူတစ်ဦး၏ ပါးပြင်ပေါ်တွင် နှင်းစက်တို့ သည် ကျကာ၊ ခိုတွဲလာတတ်ပါသည်...
ထို နှင်းစက်များ၏ သမိုင်းကို သင်တို့ သိနိုင်ပါသလား...
သိလျှင်ရော စာနာနိုင်မှာတဲ့လား....
Posted by
BLANK PAPER
at
3:19 AM
0
comments
Labels: My old poems..
လူ့ ဘ၀ငရဲသား (သို့ )ကျွန်တော်
ပြေးကွယ် လမင်း
မင်း အဆင်းကြောင့်..
ရာသီလည်းပျောက်..
ကဗျာသည်လည်း ဂေါက်...
ငါ့ရင်လည်းတဖောက်ဖောက်...
ဘ၀အပင် လည်း တဖျောက်ဖျေက်နဲ့ ကြွေ..
ငါ့ရင် လည်း တတောက်တောက်နဲ့ နွေ သို့ သာ..
Posted by
BLANK PAPER
at
3:18 AM
0
comments
Labels: My old poems..
ကျွန်တော်လည်းချစ်တတ်ပါတယ်..
မသေမရှင်လည်း ရစ်ပတ်ကာနွယ်..
ဒီလူကိုလည်း စွန့် ပြစ်ကာပါယ်..
မမြင်ချင်လည်း လျှစ်ဟတ်ကာနှယ်..
ဒီရင်ခွင်လည်း ချစ်တတ်ပါတယ်နော်...
Posted by
BLANK PAPER
at
3:17 AM
0
comments
Labels: My old poems..
ဘာမှာမဟုတ်တဲ့ငါအတွက်...
သော်တာရေ ခေါ်ကာလေ သက်သေပြုချင်တယ်..
ဖော်မပါလေ ငါတကိုယ်ရေ ရက်တွေထုပင်လယ်..
ပျော်ကာနေ ဖော်ရှာသူတွေ ပျက်ရယ်ပြုစေကွယ်..
ခေါ်ကာလေ ငါငိုနေ မင်းအမြင်ဖုနေမယ်...
အော်ကာနေ ဒီရင်ခွင်လည်း မင်းတယောက်လျှော်ကာသာနေလိုက်ပါနော်....
Posted by
BLANK PAPER
at
3:16 AM
0
comments
Labels: My old poems..
ရက်အလေတွေ..
မက်မပြေသော ရက်တွေကို
ဆက်လေကာ တမ်းတလို့ ..
Chat နေသော လက်တွေကို
သက်သေတည် မှန်းဆလို့ ..
ခက်ပွေပြီ နံနက်တွေဆီ
Heart အခြေမညီ ကြမ်းရှလို့ ..
ပျက်ချေပြီ သတ်သေချည် Love တွေဆီမှန်းခလို့ ...
Posted by
BLANK PAPER
at
3:14 AM
0
comments
Labels: My old poems..
ဝုန်းလိုက်တော့ကွာ..
ဘ၀တွေလည်း ရှုံးလိုက်တော့..
အလှတွေနဲ့  ပြုံးလိုက်ပေါ့..
အတ်တတွေနဲ့  ဖုံးလိုက်တော့
ငါ့ရင်ခွင်ကိုလည်း ၀ုန်းလိုက်တော့...........
Posted by
BLANK PAPER
at
3:13 AM
0
comments
Labels: My old poems..
ခက်ပိန်းပိန်းပဲ..
ခက်ထန် မနက်ဖြန်ဆက်ရန် စိမ်းနေပြီ..
ရက်ကျန် အသက်မမှန်ပျက်ရန် ယိမ်းနေပြီ..
ဆက်ဆံ Heart ကံ တက်ရန် ပိန်းနေပြီဗျာ...
Posted by
BLANK PAPER
at
3:12 AM
0
comments
Labels: My old poems..
ရှိတာအကုန်ယူပါ..
ဖွတ်မွဲလို့  ပြာစု
အချစ်မွဲလို့  ကဗျာပြု....
ဖြစ်မြဲသော ဓမ်မတာတခု...
ယူကြပါကုန် သာဓု..သာဓု...
Posted by
BLANK PAPER
at
3:10 AM
0
comments
Labels: My old poems..
ဆက်လက်ဆိုးသွမ်းအုန်းတော့
လေညှင်းများ လည်း တိုက်ခက်လို့ နေ..
သေခြင်းတရားလည်း လိုက်ကပ်လို့ လေ...
နေမင်းသားလည်း စိုက်ကပ်လို့ ငါ့ရင် ကြေ..
နွေနှင်းခါးလည်း ရိုက်ဖျက်ခဲ့ ဘ၀အသင်္ချေ...
Posted by
BLANK PAPER
at
3:09 AM
0
comments
Labels: My old poems..
ရှင်စန်ဒါဓိကစာအုပ်ဖတ်ကြည့်ခြင်း.
ဝေရာမဏီများစွာ
သေရွာအထိ သွားပါ..
စေတနာအတိ ထားကာ...
ရေရာမည့် တရားဘာဝနာသို့ ....
Posted by
BLANK PAPER
at
3:05 AM
0
comments
Labels: My old poems..
အဲဒီလောက်ထိ အချစ်ခံရပါတယ်..
တွေးနေသော ကုန်ကြမ်းလေးများ..
ရေးနေသော ကဗျာလေးများ..
ပေးနေကြ မေတ်တာစာလေးများလည်း.
သူမရဲ့  အမှိုက်ပုံးထဲမှာ ဆွေးနေလောက်ပြီနော်...
ဝေးနေသာ ခဏလေးများ...
ဒီစာကို Selectပေးပြီးရေးပါ...
Posted by
BLANK PAPER
at
3:03 AM
0
comments
Labels: My old poems..
အတိတ်ထဲ အဆိပ်ထည့်ခြင်း..
တစ်ဖျောက်ဖျောက်နဲ့  မိုးရေလည်းမဟုတ်ပါ..
ကဗျာသီဆဲဘ၀တွေနဲ့ ရာသီလွဲညတွေလေ..
တစ်ယောက်ထဲ နေ၀င်ချိန်တွေကိုစပ်ဆိုနေတာမောလှပြီ..
အဖန် ၅၀၀ နဲ့  ၅ ကမ်ဘာတာဘုရားမဟောခဲ့ရင် စောစောဝင်ခိုင်းလိုက်တယ်...
ရုပ်ရှင်ထဲမှာ အသားမဲမဲ ရုပ်ဆိုးဆိုးလူတစ်ယောက်များငိုနေရင် ဟာသတဲ့..
အသားဖြူဖြူမင်းသားတွေများ အခွင့်ထူးခံဖြစ်လိုက်ခြင်းတွေနော်..
အသားမဲမဲလူများ သေခဲ့ရင်ကော ဟာသပဲလား..
သိစရာ မလိုပါဘူး ပျော်နေပါစေကွာ...
မပျော်ဝင်တော့သောရုပ်နာမ်တွေမှာ ကျွန်တော့ပုံရိပ်တွေ၊စကားတွေအသုံးမကျစွာပါလာတတ်ပြီပဲ..
ပျော်ဝင်ခြင်းတွေစီးဝင်သွားသော အတိတ်များလည်း မနက်တွေကိုပြတ်ရယ်ပြုကုန်ပြီ..
ကဲ ကျွန်တော့ရဲ့ အသုံးမကျသော နှလုံးသားကြီးလည်း အတိတ်တွေကိုက်ဖြတ်ထားခဲ့ပြီ..
မနက်ဖြန်ဆိုရင် အသုဘရှိတယ်..အလွမ်းမြက်ခင်းများရဲ့ နှလုံးသားသဂြိုလ်ပွဲ..
Posted by
BLANK PAPER
at
2:42 AM
0
comments
Labels: My old poems..
ကုန်လွန်သွားသောအချိန်တိုင်းမှာ..
သက်ကရာဇ်တွေ ဖြိုချ..
ရက်အသစ်တွေ အငိုပြလို့ ..
ဆက်ချစ်စရာ နံနက်သစ်မဟာလည်း...
မက်ဖြစ်စရာ အိမ်မက် ဖြစ်ခဲ့ရပြီပေါ့......
တက်သစ်စနေမင်း ထိုအချင်းသည်
နေ့ တဓူဝ မေ့ယူမရဖြစ်ခဲ့ရပြန်ပြီ...
Posted by
BLANK PAPER
at
2:41 AM
0
comments
Labels: My old poems..
ရှုပ်ပြစ်ခြင်း..
မှတ်ချက်တွေနဲ့ ရက်မြတ်တွေမှာ..
ဆက် Chat နေလည်း အသက် ဆက်ရန် မပါ...
အပျက်အသတ်ပေမို့  အရက်ဖက်ရန် သာ...
Heart crack ကာလေ မသာဖြစ်ချင်တော့တယ်...
Posted by
BLANK PAPER
at
2:35 AM
0
comments
Labels: My old poems..
ဘာပဲပြောပြောပါ..
တိမ်ယံတွေနဲ့  မင်းပျော်လို့ နေမှာလား..
ကျိန်သံတွေနဲ့  မင်းခေါ်လို့ သေမှာပါ..
အိမ်နံရံတွေထဲ မင်းသဏ္ဍန်ကြောင့် ကြွေမှာပါ..
ထိန်ချန်နေလည်း မင်းအမှန်တော့ လိမ်ပါကွာ...
Posted by
BLANK PAPER
at
2:34 AM
0
comments
Labels: My old poems..
ကာရံမညီတော့ပါ..
မိုးရေတွေ စိုရွှဲမနေပါ..
တိမ်တွေ ခိုတွဲမနေပါ..
ရင်ခွဲထဲ ညိုမဲနေတာ..
မြင်ရင်လည်း ငိုမဲ့နေပါ....
Posted by
BLANK PAPER
at
2:32 AM
0
comments
Labels: My old poems..
ကင်ပလိုက်တော့..
တိုးရှပ်နေသော ခြေသံတွေနဲ့ ..
ရိုးပျက်နေသော မြေသဏ္ဍန်တွေ..
ကျိုးအပ်နေသော မိုးစက်တွေရေ..
အညှိုးသက်သက်နဲ့  ဂိုးပြတ်တာသွင်းတော့..
Posted by
BLANK PAPER
at
2:31 AM
0
comments
Labels: My old poems..
Fairy Tale of my eardrums..
I give full of faith, love , care and forgiveness ..
She is not enough with it..
So find new destiny and revolt..
Melt down my hope and swept away with tear..
But what I am still holding is remembrance...
Posted by
BLANK PAPER
at
2:28 AM
0
comments
Labels: My English poems