နှင်းစက်ကလေးတွေ ကျလာတယ်...
ပင့်သက်ကလေးတွေ ချလာတယ်..
ရက်ဆက်အတွေးတွေ တတလာလို့ ..
အသက်ဆက်ဆွေးနေ ငါ့ဘ၀မသာသို့ .....
ကြေငြာခြင်း..
Donation from International students and workers from Malaysia via by Monestary
ကျွန်တော်အကြိုက်ဆုံးသီချင်း
Sunday, February 17, 2008
နေ့ တိုင်းပဲ...
Posted by
BLANK PAPER
at
6:01 AM
0
comments
Labels: My old poems..
လေးဖြူသီချင်းကိုနားထောင်ရင်း....
ဖြတ်သွားသော အချိန်မှန်ရထားလေးရေ..
ငါဘူတာအိုလည်း မင်းရဲ့ ထွက်ခွါမှုနဲ့ အတူ မောလို့ ကျန်ရစ်ပေါ့...
ဒီဘူတာဟာ နောက်ဆုံးများဖြစ်ခဲ့ရင် မျှော်လင့်လိုက်ခြင်ရဲ့ ..
နောက်ဆုံးနေရာလေးကိုတွေ့ လား..အဲဒါငါ့အတွက်ပဲပေါ့...
Posted by
BLANK PAPER
at
6:00 AM
0
comments
Labels: My old poems..
Anaylsis ရေ...
Sound like a Music
ငါ့ဘ၀ ကိုလေ ထု ဆစ်...
Foul like a Abusive
ငါ့အတ်တ ကိုလေ မူးယစ်...
Wrong like a Stupid...
ပြောင်းလဲပေးတော့လေ Cupid..
the system of analysis..
အသွင်သဏ္ဍန် Error နဲ့ ရင်ခွင်မှာလဲတဆစ်ဆစ်...
Posted by
BLANK PAPER
at
5:59 AM
0
comments
Labels: My old poems..
လွမ်းလို့ ...
ချယ်ရီပန်း များလည်း ပွင့်နေလောက်ပြီ..
ဘယ်ပန်းချီအနမ်းများလည်း ရွေ့ ကွယ်ပျောက်ပြီ...
တနယ်ဆီအလွမ်းများလည်း ပြည့်ဝယ်ဆောက်တည်...
တကိုယ်ရည်မှန်းဇယားလည်း ဆိတ်ကွယ်ဦးဆီ....
Posted by
BLANK PAPER
at
5:58 AM
0
comments
Labels: My old poems..
၂၀၀၆ ခုနှစ်များဆီ...
ကြယ်လေးတွေကို Rthyme ကျ ကျ တီးခက်နေမိတယ်..
ရေခွက်ထဲမှာ ကျလာတတ်တဲ့ လရောင်ကို မျက်နှာသစ်ရင်း..
အိမ်မက်တွေရဲ့ ဟိုတစ်စ ဒီတစ်စ သူမ ထွက်သွားတဲ့ညပေါ့...
ပြေးဖမ်းမိပါတယ် နံရံကြားက ဟိုတစ်စ ဒီတစ်စ အလင်းဖြောက်လေးတွေကိုပေါ့...
လောက်ကျွမ်းမှုဆိုတာ သူမအတွက် မီးညှိယုံသက်သက်နဲ့  Oxygen တွေအံထုပ်ဖို့ သက်သက်ပဲ..
ဆေးခါးကြီးတွေတခွက်တပေါက် နဲ့ အတိတ် ၀တ်စုံရဲ့ ဒါဏ်ရာက Waterloo စစ်က Napolian ကျရှုံးခန်း...
ကျရှုံးမှန်းသိရက်နဲ့ စစ်ကို ဆက်လက်တိုက်ခိုက်နေသူ ပါ..နေမမြင်၊လအ၀င်ပေါ့..
ကမ်ဘာကြီးရဲ့ အဖြစ်အပျက်တွေတောင်မသိလိုက်ဘူး..Fatah နဲ့ Hamas လည်း စစ်တိုက်တုန်း..US က presidential election...DNA နဲ့ Metabloism process..Larry King က စပ်စုဆဲ..
UFOs ကိုလည်းတွေရှိဆဲပဲ...Italy ကဘောလုံးလူရမ်းကားတွေအကြောင်း...ကျွန်တော်အားပေးတဲ့ MU..
မနေ့ တနေ့ ကမှ ဘေးကလူတွေပြောမှ သိခဲ့ရတဲ့အဖြစ်အပြတ်တွေ..
ငုတ်တုတ်မေ့နေ လိုက်တာ...ကျွန်တော်ရက်စွဲတွေက 2007 ပါ.. ကျွန်တော်ဖတ်နေတာ 2006 ခုနှစ်ရဲ့ ကျွန်တော်နဲ့ သူမရဲ့  Unforgetable Memory issue ပါ..ဒါပေမယ့် တစ်ခြမ်းပဲ့နေပြီဖြစ်တဲ့ကျွန်တော့ရုပ်ပုံလွှာ....
Posted by
BLANK PAPER
at
5:57 AM
0
comments
Labels: My old poems..
ဝဋ်...
မြေပုံထဲမှာ ကြတ်ခြေခတ်လိုက်ချင်တဲ့ ရန်ကုန်မြို့ ကြီး...
ပြန်ပြောပြချင်တဲ့ အမေ့ကိုချစ်တဲ့အကြောင်းတွေ..
မနင်းဖြစ်တာ ၃ နှစ်ကျော်ပြီဖြစ်တဲ့ မြန်မာနိုင်ငံတော်...
ချစ်သူ၊ မုန်းသူ တို့ လည်း မေ့ကုန်နေကြပြီဖြစ်တဲ့ ကျွန်တော့အကြောင်း..
လှောင်ရယ်သံတွေနဲ့ များကြိုမှာလား ဒီလမ်းမများ...
အရင်က ဂျစ်ကားကြိုက်တဲ့ကျွန်တော်..
အခု ဂျားကစ် ခံရလို့ မုန်းပြီ..
ကျွန်တော်ထိုင်နေကျ မုန့် ဟင်းခါးဆိုင်လေးရော...
ဝေးကွာသွားသောချစ်သူနဲ့ သူ့ ကောင်လေးကိုပြန်တွေ့ ရင်ဘယ်လို နှလုံးသားနဲ့ ရင်ဆိုင်ရမလဲ..
ကျွန်တော်ရှောင်နေရသော အရက်နဲ့ အဆီအစိမ့်တွေက သူမနဲ့ ပြန်တွေ့ ရင်ဘာမှလုပ်မရ...
အူကြောင်ကျားနဲ့ ဖြတ်ခဲ့မိသော ကျွန်တော့အရင်က မမတစ်ယောက်(သူလည်းတယောက်ယောက်နဲ့ပေါ့)...
ကျွန်တော် ထပ်တူထပ်မျှ ၀ဋ်လည်နေကြောင်းဝန်ခံဖို့ သက်သက်ပြန်ခဲ့မယ်..၀ဋ်ကျွတ်ချင်ပြီဗျာ..
Posted by
BLANK PAPER
at
5:56 AM
1 comments
Labels: My old poems..
Stanzas of my poems are getting dull...
Shrine to your soul..
Rthyme to be fold..
Kind to be hold..
Mind to be Cold...
Try to be Know..
My Lines are getting old...
Posted by
BLANK PAPER
at
5:54 AM
0
comments
Labels: My English poems
ပြစ်သွင်းထားသောသံစဉ်များ..
Lyrics တွေကို ပြစ်သွင်း..
အချစ်စစ်တွေနဲ့  Mixing...
အသစ်သစ်တွေနဲ့  ခောတ်သီချင်း..
Hitz အနှစ် တွေနဲ့  စစ်ခင်း...
အဲဒါငါ့ရင်ခွင်ထဲက Missing...
Posted by
BLANK PAPER
at
5:53 AM
0
comments
Labels: My old poems..
အလွမ်း Metal တွေ ပြုတ်ကျ...
အနမ်းငယ်တွေ နုတ်မရ..
အဆန်းတကျယ်လေ ရှုပ်ပွ..
အရမ်းလေနေတာတော့ မုချ...
Posted by
BLANK PAPER
at
5:52 AM
0
comments
Labels: My old poems..
ရုန်းထွက်လိုက်တော့ ငါ့ရဲ့ ရင်ခွင်ကို..
ယဉ်ယဉ်ကျေးကျေး နဲ့ ..
ဒီရင်ခွင် လေးလေးကြီးကို..
ပင်စင်တွေ ပေးပေးပြီးတော့...
ဆင်ခြေတွေနဲ့ ဝေးဝေးကြီးမှာနေခိုင်းပြီပေါ့..
Posted by
BLANK PAPER
at
5:51 AM
0
comments
Labels: My old poems..
မြို့ နယ်...(ပေါက်ကရတွေရေးကြည့်ခြင်း)...
ဗိုလ်တထောင် အပျိုရောင်လို့ မလာနဲ့ ....
အသောက်သမားနဲ့ ကျောက်တံတားတဲ့..
လမ်းမတော်က အရမ်းဂေါ်တယ်ဗျ..
လသာမှာ တညတာပေါ့..အလှကဗျာလေးနဲ့ ..
ပန်းပဲတန်းမှာ အသဲစမ်းပွဲတွေနဲ့  ရဲဖမ်းစွဲတာခဏခဏ..
အလုံမှာ အစုံပဲ...
လှည်းတမ်းမှာလည်း အသဲပန်းလေးတွေ ဖူးပွင့်ဘူးပါတယ်..
ရန်ကင်းက အမှန်ဗျင်းလို့ ..
မေမဒီပြုံးတဲ့ မြေနီကုန်းမှာ Crazy ဆုံးပဲ..
တာမွေမှာ မြာပွေလို့  ကဗျာတွေတောင်ရေးဖြစ်ပါတယ်..
ကျောက်မြောင်းမှာ ကောက်ကြောင်းလှလှလေးတွေနဲ့  ...
မင်္ဂလာဒုံမှာ ကြင်ယာဆုံလို့ ..
ဥက္ကလာမှာ အထုပ်ပါဆွဲ...
ဒဂုံက အစုံပဲ ကြုံရင် အကုန်မ...
မစွံတောင်မှ ပုဇွန်တောင်မှာ ဖွန်မကြောင်နဲ့ ..
သာကေတမှာ ဆရာတွေမလို့  ကဗျာတွေကလို့ ပြေးခဲ့ရသေး..
လှိုင်မှာ ကွိင်တွေပါတ်လို့ ...
လှိုင်သာယာမှာ စတိုင်ပါပါနဲ့  ကျွိင်စရာတွေရှာခဲ့သေးတယ်..
အင်းစိန် မှာ မင်းကလိန်မကျပဲ တင်းတိမ်ပါ ဒင်းအိမ်ကြီးထဲရောက်မယ်...
မင်္ဂလာတောင်ညွန့် မှာ သင်ပေါင်အကုန်ချွတ်လို့ ယင်ကောင်အခွန်လွတ်ဈေးမှာရောင်း...
Posted by
BLANK PAPER
at
5:49 AM
0
comments
Labels: My old poems..
ကြောက်လို့ ...
စောက်တလွဲ နဲ့  ပေါက်ပြဲနေသော ရင်ခွင်များ..
ကြောက်ဆဲမို့  မခေါက်မြဲငါလေ ပြင်ဆဲထား..
ရောက်မြဲ မို့  ချောက်ထဲငါလေ ပင်စင်စား.....
တယောက်ထဲမို့  ပျောက်ဆဲငါလေ ရင်ခွင်တခါး..
Posted by
BLANK PAPER
at
5:48 AM
0
comments
Labels: My old poems..
ကြည့်ကျက်ပြီး မ ကြပါ...( Dedicated to all gods)
နတ်သမီးများလည်း ဖျက်ဆီးလို့ သွားတာ..
လက်ချမီးဘုရားလည်း ရပ်ပြီးတားပါ(အဆိုးတွေ)..
ထပ်မကြီးပွားလည်း SE ကားတော့သနားပါ...
ဆက်ပြီးသွားလည်း ရှက်ကြီးများနဲ့ ကာလနာ....
Posted by
BLANK PAPER
at
5:47 AM
0
comments
Labels: My old poems..
ရာသီစုံကံဆိုးခြင်း..
ပြာရီ နွဲ့ နှောင်း..
ရာသီလှည့်ပြောင်းလို့ ..
ကမ်ဘာသည် ပဲ့ဟောင်းအသို့ ...
ငါသည်လည်း ထည့်ထောင်းလို့  ရွဲ့ စောင်းနေပြီ...
Posted by
BLANK PAPER
at
5:45 AM
0
comments
Labels: My old poems..
ကြောက်တယ်..
နှံလုံးသားရဲ့ နောက်ကွယ်..
အပြုံးများရဲ့  ဖောက်သည်သို့ ..
အမုန်းများနဲ့  ပျောက်ကွယ်သော...
အရှုံးများနဲ့  ကြောက်တယ်ဗျိုး............
Posted by
BLANK PAPER
at
5:44 AM
0
comments
Labels: My old poems..
တွေးမိသောအခါ...
ဖြတ်သန်းသွားသော အတွေးတွေ..
ဖက်နမ်းသွားသော အဆွေးတွေနဲ့ ..
Heart ဖမ်းစားသော အငေးတွေက..
ရပ် Hang မသွားသော အဝေးတမြေက.......
Posted by
BLANK PAPER
at
5:43 AM
0
comments
Labels: My old poems..
ကျိန်စာလား..
မိုးထက်က နေ...
ထိုးနှက်လို့  ကြေ...
အညှိုးသက်သက်နဲ့  မေရယ်..
မိုးစက်တို့ နဲ့  ဆိုးချက်မို့ သေပါရစေ....
Posted by
BLANK PAPER
at
5:42 AM
0
comments
Labels: My old poems..
Sunday
အလွမ်းတေးတွေနဲ့ ...
အရမ်းဝေးနေတဲ့..
အလှမ်းဝေးလာတဲ့...
တိမ်ပြာပြာ Sunday လည်းရှိတော့မည်မဟုတ်ပါ...
Posted by
BLANK PAPER
at
5:41 AM
0
comments
Labels: My old poems..
ကျွန်တော်နေထိုင်နေခြင်း...
တခါတရံ နှင်းတွေနဲ့ အတူ ဝေနေတတ်တယ်...
တခါတရံ နင်းခြေခဲ့လို့ ကြွေနေတတ်တယ်..
တခါတရံ မင်းစေစားရာ နေ နေတတ်တယ်..
တခါတရံ ပြင်းနွေအပါးမှာ သေနေတတ်တယ်...
Posted by
BLANK PAPER
at
5:39 AM
0
comments
Labels: My old poems..
အမြဲတမ်း Offline ဖြစ်နေသောမင်း..
Spell Of Your Oath...
ရင်ထဲမှာလေ စုတ်လို့ ..
ှုံSurfing To The Net...
မင်းကိုတွေ့ ရန်လာလာ Chat တော့...
Loyality ကို
ွှStyle အပီနဲ့ ငါထိုင်ချည်ချင်ပေမယ့်...
မင်း ID က Offline တဲ့...
Posted by
BLANK PAPER
at
5:38 AM
0
comments
Labels: My old poems..
တိုင်တည်ချင်တယ် လမ်းလေး...
တ၀က်တပျက်နဲ့ . ပဲ့ကြေပျက်အတွေးတွေ..
ဒီလမ်းလေးက သူမနဲ့ တူတူလျှောက်ဘူးကြောင်း..
အမြဲတမ်းရပ်ထားသော ကားစုတ်ကြီးတခုကသက်သေပြနေသလိုလို..
လမင်းကြီးမရှိပေမယ့် ကျွန်တော့နဲ့အတူတူတစ်ယောက်ထဲပုံရိပ်ကို ပုံဖော်ပေးမဲ့ ရေဗွက်ငယ်လေးရှိတယ်..
လေပြေလေးများလည်းတိုက်ခတ်ပေမယ့် သူမနဲ့ ရှိစဉ်ကလေပြေအဟောင်းများရော...
အရင်က လေပြေလေးများကို တွေ့ ရင် ပြောပေးကြပါ ကျွန်တော်သူမကို ဒီလမ်းလေးမှာချစ်ကြောင်းတွေပြောဘူးကြောင်းပေါ့...
Posted by
BLANK PAPER
at
5:36 AM
0
comments
Labels: My old poems..
မွန်မွန်မြတ်မြတ်လေးချစ်တယ်..
အညှိုးတွေနဲ့  ထွန်ယက်..
အဆိုးတွေနဲ့  နွံထပ်နေတဲ့..
ငါ့ရင်ခွင်ရဲ့  ကွန်ယက်တွေလည်း..
မိုးတွေသဲလို့  မွန်မြတ်ချင်ပါတယ်..
Posted by
BLANK PAPER
at
5:35 AM
0
comments
Labels: My old poems..
ဘာတွေဖြစ်ဖြစ်
အမှောင်းဆိုးတွေနဲ့  နွယ်ရစ်..
နှောင်ကြိုးတွေနဲ့ တွယ်မြစ်လို့ ..
လှောင်ပြုံးတွေနဲ့  ဖယ်ပြစ်နေလည်း...
ငါမင်းကိုလေ တကယ်ချစ်နေဆဲပါ....
Posted by
BLANK PAPER
at
5:33 AM
0
comments
Labels: My old poems..
ဘယ်လိုပင်ပြောင်းလဲပါစေ...
ရာစုချီပြောင်း နှစ်သစ်ချီလည်း
အချစ်စစ်မည်သို့  ဟောင်းသည်မရှိ
ကောင်းသည်ဆိုသော နှလုံးသားနဲ့ 
ကျိုးကြောင်းဆီသော ကျွန်တော့အတွက်
တိုးတောင်းမည်သော လပြန်ကြွေးအလား.
အဆိုးမဖြစ် တိုးချစ်နေမိတာအမှန်ပေတည်း....
Posted by
BLANK PAPER
at
5:31 AM
0
comments
Labels: My old poems..
ကျွန်တော့ New Year 2008
New Year မှာ
အရူးကြီးငါဖြစ်
ထူးပြီးငါချစ်ခဲ့လို့ 
မူးပြီးငါလေ တဆစ်ဆစ်နဲ့ .....
Posted by
BLANK PAPER
at
5:29 AM
0
comments
Labels: My old poems..
ပြိုလဲခြင်းလော...
ပြာရီမှုန်ဝေသော အတွေး..
ကဗျာသီခြုံကာလေ ဆွေးတယ်...
ရာသီအိုတွေမှာ ဝေးတော့...
ငါသည်ပြိုကာလေ မင်းရဲ့ အပါးသို့ ........
Posted by
BLANK PAPER
at
5:28 AM
0
comments
Labels: My old poems..
ငါလေ...
ငါ့ရင်ခွင်က မင်းအတွက်လူမဆန်လို့ လား..
ငါ့အချစ်တွေက မင်းအတွက်မတူမတန်လို့ လား..
ငါ့က လူအရန်တောင်ဖြစ်ခွင့်မရှိတာလဲ...
အဲဒီအတွက်တော့ အယူခံချင်လိုက်တာ..
Posted by
BLANK PAPER
at
5:27 AM
0
comments
Labels: My old poems..
အချိုးမညီတော့ခြင်း..
ရက်တွေဟာလည်း မသင့်မမြတ်..
နှစ်တွေကြာလည်း မရင့်ကျက်တော့...
အသစ်တွေမရှာတာလည်း မင်းအတွက်ပေါ့...
ငါ့ရင်ခွင်ပြာလည်း မင်းသတ်တော့...
Posted by
BLANK PAPER
at
5:26 AM
0
comments
Labels: My old poems..
ယဉ်ယဉ်လေးနဲ
မြင်ရင်ကြည့်ပါ အသိသညာ...
ဆင်ခြင်ကြည့်ပါ ညဥ့်ကဗျာတွေနဲ့ ..
သင်ဝင်ကြည့်ပါ အထိနာနေတဲ့..
အပြစ်ပယ်ခံရင်ခွှင်လည်း...
Posted by
BLANK PAPER
at
5:25 AM
0
comments
Labels: My old poems..
ပြာသိုလည်းပဲ
ပြာသို မှာ စာတိုတွေနဲ့ 
အထာမပို...
ကညာပျိုကို..
ငါလေငိုကာလွမ်းတော့..
ကဗျာတွေပြိုကာ နမ်းပေါ့....
Posted by
BLANK PAPER
at
5:23 AM
0
comments
Labels: My old poems..
မမျှော်လင့်တော့ပါ...
၁၅၀၀ တည်းဟူသောကျွန်တော့ စစ်သည်များသည်
နှလုံးသားများအား Maintain လုပ်ရန်....
ဖြူဖြူစင်စင်လေး ပွေ့ ဖက်ရန်လာသောအခါ..
ခွေးတကောင်၏ ကြင်နာမှုလေးလောက်မျှော်မှန်းမိပါသည်...
ရရှိလိုက်သော စွှန့် ပယ်ခြင်းများသည် ၁၅၀၀ စစ်သည်တို့ ကိုသေစေခဲ့ပြီး...
ကျွန်တော့ပေးသာ မေတ်တာများမလုံလောက်သောကြောင့် မိုးတိမ်တွေအရောင်ပြောင်းခဲ့လေပြီ...
Posted by
BLANK PAPER
at
5:22 AM
0
comments
Labels: My old poems..
မိမိကိုယ်ကို သိခြင်း
အကျည်းတန်တာကို သိရက်နဲ့  မီးလျှံတွေနဲ့ ပြေးဆော့မိတယ်..
အပြီးပြန်တော့မည့် အတိတ်တွေကို Feel အမှန်တွေနဲ့ တမ်းတလို့ ..
အထီးကျန်တာကရော စည်းတွေကာရန်လို့ လေ.....
Posted by
BLANK PAPER
at
5:21 AM
0
comments
Labels: My old poems..
နေထိုင်နေခြင်း.......
အမုန်းသီးတွေ ခြွေချ...
Lonely တွေနဲ့ နေနေရတဲ့...
အရှုံးကြီးတွေနဲ့ မြေခလို့ ..
ပြုံးပြီးလေ သေပြချင်ရဲ့ ကွာ...
Posted by
BLANK PAPER
at
5:19 AM
0
comments
Labels: My old poems..
My New Year Resolution....Redefine me!!(2008 new year poem)
My Heart Of Global Warming...
My Part of Social Collapsing...
My Facts of Brutal Assassination
My New Resolution wish to recovery and heal my soul..
I don't wanna be lonely in this new year like anymore...
Posted by
BLANK PAPER
at
5:17 AM
0
comments
Labels: My English poems
ရာသီသစ်လည်း..
ရာသီကြို နှင်းစက်များနဲ့ ...
ကဗျာသီဆို မင်းထွက်သွားတော့...
ငါသည်ပြို အလင်းမဲ့တခါးသို့ ....
နှင်းစက်တွေ စို ...
မင်းအတွက်ငါလေ ငိုဆဲပါ.....
Posted by
BLANK PAPER
at
5:16 AM
0
comments
Labels: My old poems..
နှလုံးရောဂါ...
ရင်ဘက်မှာ အနမ်းလွင်ပြင်တွေနဲ့ ချုပ်ထားတယ်...
အပြင်ဘက်မှာ အလွမ်းသွင်ပြင်တွေနဲ့  ရှုပ်ထားတယ်...
ထင်လျှက်သာ အရမ်းမြေငလျင်တွေလည်း လှုပ်သွားတယ်.......
Posted by
BLANK PAPER
at
5:14 AM
0
comments
Labels: My old poems..
Global Warming (or) ပြောင်းပြန်တိုက်စားသောမေတ်တာအကြောင်း....
ချိုမြနေသော မိုးသောက်ယံတွေအကြောင်းပြောဖြစ်ခဲ့ရင်.
ညမအိပ်သူအကြောင်းကိုရော ထဲ့တွေးမိပါစေ..
ကြင်နာမှုအကြောင်း၊စွန့် ပယ်ခံရခြင်းအကြောင်းကိုပြောဖြစ်ခဲ့ရင်...
ဒဏ်ရာရညီးတွားနေတဲ့ လူတယောက်ကိုထဲ့တွေးမိပါစေ...
ကြီးပွားမှုအတွက် လေကအသစ်အဆန်းများနဲ့ စက်မှုနယ်ပယ်အသစ်တွေချဲ့ ထွင်ချင်ပါသလား...
Global warming အကြောင်းကိုသိတတ်ပါစေ...
ညမအိပ်သူရယ်..ဒဏ်ရာရသူတွေရဲ့ ရင်ထဲက Global Warming ကိုသိနိုင်ရဲ့ လား...
ကမ်ဘာကြီးတနေရာက အာတိတ်ရေခဲမြစ်တွေ အရေပျော်နေတာကိုတွေးမိပါစေ...
Posted by
BLANK PAPER
at
5:13 AM
0
comments
Labels: My old poems..
တမ်းချင်းလေး....
ပင့်သက်တွေကို နမ်းရှိုက်..
နှင်းစက်ကြွေကာ လွမ်းခိုက်...
ရင်းပျက်လေရယ် ချမ်းတိုက်...
မင့်တွက်စေရာ တမ်းလိုက်မိတယ်....
Posted by
BLANK PAPER
at
5:12 AM
0
comments
Labels: My old poems..
ပေါက်ကွဲတတ်ချင်ရဲ့ ဗျာ..
မနက်ခင်း..
မနက် ခင်းတိုငိးနေထွက်ာယာချိန်ကို မိန်းမေါစွာကြည့်ရင်းအိပ်တန်းဝင်ဆဲ..
မုန်တိုင်းထန်နေသော အတ်တဖွဲ့ ပူလောင်ခြင်းများကို ရှောင်လွှဲကြည့်ခြင်းပေါ့..
ရနံ့ မဲ့ပန်းတွေက ကျွန်တော့အတွက်ပဲဖူးပွင့်တယ်..
ဖြစ်တည်ရာ..
အရာရာတိုင်း ကျွန်တော့အတွက်မဟုတ်ပေမယ့်...
မဟုတ်ခြင်းတွေသာ ကျွန်တော့အတွက် အရာရာတိုင်းဖြစ်လာခဲ့တယ်..
ကျွန်တော်နေနေရတာ အရှုံးများဆိုတဲ့  ခေါင်းစဉ်အောက်မှာပါ...
တောင်းတချင်း...
ကဲဗျာ..စေတန်တံဆိပ်ခပ်နှိပ် ထားတာ ကျွန်တော့နာမည်ပေါ်မှာများလား..
ကောင်းသောအိမ်မက်တွေလောက်နဲ့ ပဲပျော်ရွှင်မှု အတွက်တင်းတိမ်ချင်တယ်..
ကြင်နာမှုဆိုတာရော..ခက်ဝေးဝေးပဲနေပါ..
မုန်းတိုင်းထဲက လေရော...လေပြေထဲကလေရော Oxygen ပါတာပဲ...
ကျွန်တော့ကိုမုန်တိုင်းထဲရောက် Oxygen တော့ဖြစ်ခွင့်ပေးပါ..
သူများနှခေါင်းပေါက်တွေအသက်ရှူနိုင်ဖို့ ပေါ့...
Posted by
BLANK PAPER
at
5:10 AM
0
comments
Labels: My old poems..
ဗမာစကားမတတ်သော ကုလားအားရင်ဖွင့်ခြင်း...
ဘုရားလည်းနားငြီးလို့ နေပြီ..
တရားလည်း ခါးစည်းလို့  လေပြီ...
ကုလားလည်း သွားဖြီးလို့  နေသည်..
ငါ့စကားလည်း တအားငြီးလို့  သေချင်နေလောက်ပြီ..
Posted by
BLANK PAPER
at
5:07 AM
0
comments
Labels: My old poems..
ဆေး..
အတိတ်တေးတခွက် နဲ့ 
အရိပ်ကလေးအတွက် ပေါ့..
အဆိပ်သွေးတစက်နဲ့ ..
မအိပ်ဆေး တသက်တာ..
Posted by
BLANK PAPER
at
5:06 AM
0
comments
Labels: My old poems..
မင်းမရှိတဲ့အခါ...
အတိတ်တေးသွားတွေ ငါဆိုပြလို့ ...
အရိပ်ကလေးသွားရာ ငါနေရာဖို့ ..
စိတ်ပေးကစားတာ ငါငိုရဖို့ ..
အိပ်ဆေးပြားတွေလည်း ငါမျိုချလို့ ...
Posted by
BLANK PAPER
at
5:05 AM
0
comments
Labels: My old poems..
ဝေး....
သွေးသံတွေနဲ့  တေးသံတွေဆီ...
အဆွေးသဏ္ဍန်တွေနဲ့  အတွေးတရံခါဆီ..
ငေးကျန်နေလည်း အနွေးတွေပြန်မရတော့...
ဝေးကျန်နေပြီ...
Posted by
BLANK PAPER
at
5:04 AM
0
comments
Labels: My old poems..
တိုက်ခါတ်နေသောသူမခေါ်လေပြေ...
Ignore နဲ့  အပြစ်မိုးတွေ ဖွဲ့ ..
Hit throw ဖွဲ့  ယစ်မျိုးလို ရွဲ့ ...
အသစ်အညှိုး နဲ့  kick ချိုး လေခဲ့...
ဓါးဆစ်ထိုးလို့  အချစ်ပျိုးတွေ ဖဲ့ ...............
Posted by
BLANK PAPER
at
5:03 AM
0
comments
Labels: My old poems..
နေရင်းထိုင်ရင်း....
နေ့ ရက်တွေ တခါတခါ ပိုလာတယ်..
နှင်းစက်တွေ တခါတခါ ငိုပါတယ်..
စိတ်ကူးတွေ တခါတခါ ပြိုလာတယ်..
ငါ့အသက်တွေ တခါတခါ တိုလာလို့ လေ...
Posted by
BLANK PAPER
at
5:02 AM
0
comments
Labels: My old poems..
လေ...
ခေါ်ကြားကာ သာဓုချွေမယ်..
အရော်အစားမှာ ကဗျာပြုစေ၀ယ်..
အတော်တရားကျ ငါစုတေမယ်...
စော်ဇယားမှ ငါအခု လေနေတယ်...
Posted by
BLANK PAPER
at
5:00 AM
0
comments
Labels: My old poems..
ဂလိုဘယ်ဝမ်းမင်း.
မန်းမြေအရက် ကို...
စမ်းရေနဲ့ စပ်..
ကမ်းခြေမှာ နှပ်လိုက်ရင်...
အလွမ်းပြေကာ
အရမ်းသေမှာအမှန်....
ထန်းရေပါ မချန်...
ဝမ်းတွေပါ မှန်......
Posted by
BLANK PAPER
at
4:58 AM
0
comments
Labels: My old poems..
မိုးကုတ်စက်ဝိုင်း၏အလွန်....
ကောင်းကင်ရဲ့ အကြောင်းတွေကို ဖြန့် ကျတ်ဖူးလား...
မကောင်းမြင်တဲ့ အဟောင်းတွေနဲ့  မှတ်ချက်ကူးထား..
ပေါင်းသင်မဲ့ အနှောင်းတွေနဲ့ သက်တန့် ဖူးများ...
င်္င်္်မောင်းတင်တဲ့ wrong အမြင်ကို ရပ်တန့် ဘူးလား...
Posted by
BLANK PAPER
at
4:56 AM
0
comments
Labels: My old poems..
ကမ်းမဲ့မျောသူ..
စေလိုရာစေ..
ကြွေလိုရာကြွေပေမယ့်..
ကျွန်တော်မနေလိုရာမှာ နေပေးပါတယ်..
သေလိုရာမှာလေနေရင်းပေါ့..
Posted by
BLANK PAPER
at
4:53 AM
0
comments
Labels: My old poems..
ဖိနပ်(သို့ ) ကျွန်တော်..
လေအကူနဲ့ ခြွေယူဖို့ မစဉ်းစားပါ..
စေယူလို့  ကြွေသူအား...
တပြည်သူ၏ နွေအပူမှာ ...
ခြနင်းလို့  အလှမင်းတင့်တယ်စေကွာ...
Posted by
BLANK PAPER
at
4:44 AM
0
comments
Labels: My old poems..
အသက်ရှူနေသောနေ့ များအကြောင်း...
ကျွန်တော်စဉ်းစားတာ နှလုံးသားကို ဦးနှောက်ထဲထည့်ဖို့ ပါ..
ကျွန်တော် အရက်သောက်ရင်ထွက်ကျလာတာ အန်ဖက်တွေနေရာမှာ ကဗျာတွေအစားထိုးလို့ ..
ပြန့် ကျဲနေတဲ့ ဒါဏ်ရာတွေကို လိုက်ကောက်နေပါတယ်..
သိမ်းမဲ့သူတွေ ညီစော်မနံအောင်ပါ..
ဒါပေမယ့် ကျွန်တော်က တော့ရင်မှာပိုက်ပြီး ပုန်းလိုက် ရှောင်လိုက် နဲ့ ...
ဘာပဲဖြစ်ဖြစ် ပါ ကျွန်တော် သာယာသောမနက်ခင်းများကျွန်တော်မပါလည်း ရှိနေတတ်ပြီပဲ..
Posted by
BLANK PAPER
at
4:42 AM
0
comments
Labels: My old poems..
ကျူးကျော်သူ (သို့ ) ရင်ခွင်..
တစိမ့်စိမ့်နဲ့ ဝင်ရောက်
တသိမ့်သိမ့်နဲု့ အချဉ်ဖောက်လို့ ..
စိတ်ကူးတွေလဲ ပြာတောက်
သိပ်ထူးနေတော့ ဘယ်နေရာလဲ....
Posted by
BLANK PAPER
at
4:40 AM
0
comments
Labels: My Poems in Burmese
ပူလောင်ခြင်း...
ညတွေရယ်နေခနေတယ်....
အလှတွေရယ် ကြွေကျလို့ ..
ဘ၀တွေရယ် စေရာပြနေတယ်..
အကျနေရယ် ဘယ်အခါကျေမွမလဲဗျာ..
Posted by
BLANK PAPER
at
4:31 AM
0
comments
Labels: My old poems..