တဘုံနန်းက မယုံးတမ်းတေးတွေနဲ့ .....
အလုံခန်းက မဆုံတမ်းအတွးတွေကို...
အဟုန်သရမ်းလို့  ကုန်ကြမ်းရေးနေတယ်မထင်ပါနဲ့ ..
ရဂုံနန်းမှာ ထုံလျှမ်းစွာ ပွင့်ပါ ပန်းရယ်....
ကြေငြာခြင်း..
Donation from International students and workers from Malaysia via by Monestary
ကျွန်တော်အကြိုက်ဆုံးသီချင်း
Friday, February 15, 2008
လှိုက် စား ပန်း သို့ ..........
Posted by
BLANK PAPER
at
3:25 AM
0
comments
Labels: My Poems in Burmese
Nemesis- နမ်မီးစစ် (သို့ ) ကျွန်တော်၏ Definition..
သဒ္ဒါတွေ ဆောင်ကျဉ်း...
တဏှာတွေ ကို ဘောင်သွင်းလို့ ..
အထာတွေကို အမှောင်တွင်းမှာ...
ကဗျာတွေကို လှောင်ရင်းသာ..
ငါ့ရင်ခွင်ကိုလည်း ထောင်သွင်းလို့  ပြောင်ရင်းနဲ့ အကျဉ်းချပါ...
Posted by
BLANK PAPER
at
3:23 AM
0
comments
Labels: My Poems in Burmese
အသစ်တွေ..
Thunder တွေရယ်ဟစ်ကြွေး..
စန္ဒာမေရယ်စစ်မေးလို့ ..
ခန္ဓာတွေရယ် ညစ်ထေးနေလည်း..
ကံကြမ္မာတွေရယ် အသစ်ရေးချင်တယ်ဗျာ..
Posted by
BLANK PAPER
at
3:21 AM
0
comments
Labels: My Poems in Burmese
ကြယ်ငေးသူ (သို့ ) အေးမြည....
တာရာတွေ စုခြံလို့ 
ငါသာလေ Mood အမှန်နဲ့ 
မာယာတွေ အတုသဏ္ဍန်သို့ ခုပြန်ပို့ ..
Culture တွေ ရှုပြန်လို့  အနု ဟန်သို့ ...
Posted by
BLANK PAPER
at
3:16 AM
0
comments
Labels: My Poems in Burmese
100'C ၏အကျော်...
အပူချိန်တွေ နင်းထပ်...
အဖြူတိမ်တွေ မင်းဖြတ်လို့ ....
သူရိန်နေရယ် ဆင်းသက်တော့..
ငါ့ရင်ခွင်လွှာလည်း ပြင်းအက်လို့ ကြွေ....
မင်သတ်တဲ့ နွေသို့ .........
Posted by
BLANK PAPER
at
3:14 AM
0
comments
Labels: My Poems in Burmese
CO2 နဲ့  O2 ထုတ်လွှတ်မှားယွင်းသော ပိုးဖလံမျိုး သို့ ကျွန်တော်
အမိ ၏ နက်နက်နဲနဲစကားလုံးများ ကို ကြဲချလိုက်ပါ..
အလေ့ကျပေါက်လာသော အမုန်းပင်များမှ အာဒံနဲ့ ဧ၀ မစားသောပန်းသီးများလည်း နွယ်တတ်လို့ ..
မျိုးစေ့ချရန် ဖြတ်သန်းလာတဲ့ ငြိမ်းချမ်းရေးငှက်ငယ်များ H5N1(bird flu) ဖြစ်ကုန်ပြီ..
ကျွန်တော် ကျဆုံးဖို့ ၊အစော်ကားခံ လူဖြစ်ပါရစေ...အောင်မြင်သူများဖိနင်းနိုင်အောင်ပေါ့..
ဒီဒါဏ်ရာရလူတယောက်ရဲ့ ညီးတွားခြင်းကို မာသာထရီဇာနဲ့  နိုင်တင်ဂေးတို့  မကယ်နိုင်တော့ဘူး..
အချစ်ခါးခါးတွေသောက်တာ ဘာမီတွန်မကယ်နိုင်တော့ဘူး..Ammoxicap လည်းနားပြီ..
ခက်ဝေးဝေးက ယူပြီးပဲချစ်ပါရစေ..အာရုံ ၅ ပါးအပြင်ဘက်ကဆဋ္ဌမအာရုံအလွန် ကိုယ်ပိုင်သတ္တမရပ်ဝန်းထဲမှာ..
ဒါဆိုရင် စေတန်ရဲ့  Bible မှာ ကျွန်တော့အချစ်ကြောင်း က Genesis ဖြစ်နေတော့မယ်
Lucifer : 5:53 ..
Posted by
BLANK PAPER
at
3:11 AM
0
comments
Labels: My Poems in Burmese
တိမ်တိုက်တွေ...
တိတ်တိတ်လေးတွေး..
တိုးတိုးလေးနေ..
တောက်တီးတောက်တဲ့နဲ့ ..
ကျွန်တော် ပြေးနေတာ တောင်ရောက်မြောက်ရောက်...
Posted by
BLANK PAPER
at
3:08 AM
0
comments
Labels: My Poems in Burmese
တယောက်ထဲသီဆိုနေတဲ့ ကဗျာလွတ်တေး...
ဒါဏ်ရာ တလက် နဲ့  ပါ အမိ...
ဂစ်တာ တချက် ကို ရက်အကြေတွေတပ်ပြီ..
တီးခတ်လိုက်တယ်....
ကြိုးပျက်ထွက်လာသော Echo မဲ့ ရင်ခုန်သံအသေတွေနဲ့ ...
နူးညံ့ကြင်နာ ကြိုးပဒေသာနဲ့ တီးခါတ်တော့ရော..
လှောင်ရယ်သံခက်အက်အက်က Rome Emperor ရဲ့  ကျရှုံးခြင်း Opera လား..
ငါ womanizer မဟုတ်ပါဘူး..ငါ loser တယောက်ဖြစ်နေတယ်ဆိုတဲ့ပုံကို
နုတ်ခမ်းများရဲ့  အနမ်းတွေလေထဲလွတ်အကျမှာသွေးရူးသွေးတန်းနဲ့ ပြေးခဲ့ပုံကို...
Alexandra the great ကအိမ်မက်ပေးသွားတယ်...."မင်းဟာ ချစ်ဦးညိုပြောတဲ့ ယာဝန"....
Posted by
BLANK PAPER
at
3:06 AM
0
comments
Labels: My Poems in Burmese
Dummy တွေမပိုင်သောရက်..
ဖေဖော်ဝါရီ မသေချာမည်သော...
ကျွန်တော်၏ ရက်အရိုင်း Valentine နှင့်..
အခက်တိုင်းဆူးနစ် နှင်းဆီ..
အထူးချစ်ခြင်းသည် အရူးဖြစ်ခြင်းမည်၏....
Posted by
BLANK PAPER
at
3:02 AM
0
comments
Labels: My Poems in Burmese