ကြေငြာခြင်း..

အခုမန္တလေးမှာရောက်နေပါတယ်..မကြာခင်blog ပြန်ရေးဖို့ ရှိပါသည်။

Donation from International students and workers from Malaysia via by Monestary

ကျွန်တော်အကြိုက်ဆုံးသီချင်း

Friday, February 15, 2008

CO2 နဲ့  O2 ထုတ်လွှတ်မှားယွင်းသော ပိုးဖလံမျိုး သို့ ကျွန်တော်

အမိ ၏ နက်နက်နဲနဲစကားလုံးများ ကို ကြဲချလိုက်ပါ..



အလေ့ကျပေါက်လာသော အမုန်းပင်များမှ အာဒံနဲ့ ဧ၀ မစားသောပန်းသီးများလည်း နွယ်တတ်လို့ ..



မျိုးစေ့ချရန် ဖြတ်သန်းလာတဲ့ ငြိမ်းချမ်းရေးငှက်ငယ်များ H5N1(bird flu) ဖြစ်ကုန်ပြီ..



ကျွန်တော် ကျဆုံးဖို့ ၊အစော်ကားခံ လူဖြစ်ပါရစေ...အောင်မြင်သူများဖိနင်းနိုင်အောင်ပေါ့..


ဒီဒါဏ်ရာရလူတယောက်ရဲ့ ညီးတွားခြင်းကို မာသာထရီဇာနဲ့  နိုင်တင်ဂေးတို့  မကယ်နိုင်တော့ဘူး..



အချစ်ခါးခါးတွေသောက်တာ ဘာမီတွန်မကယ်နိုင်တော့ဘူး..Ammoxicap လည်းနားပြီ..



ခက်ဝေးဝေးက ယူပြီးပဲချစ်ပါရစေ..အာရုံ ၅ ပါးအပြင်ဘက်ကဆဋ္ဌမအာရုံအလွန် ကိုယ်ပိုင်သတ္တမရပ်ဝန်းထဲမှာ..



ဒါဆိုရင် စေတန်ရဲ့  Bible မှာ ကျွန်တော့အချစ်ကြောင်း က Genesis ဖြစ်နေတော့မယ်



Lucifer : 5:53 ..

0 comments: