ကြေငြာခြင်း..

အခုမန္တလေးမှာရောက်နေပါတယ်..မကြာခင်blog ပြန်ရေးဖို့ ရှိပါသည်။

Donation from International students and workers from Malaysia via by Monestary

ကျွန်တော်အကြိုက်ဆုံးသီချင်း

Monday, February 18, 2008

အတိတ်ထဲ အဆိပ်ထည့်ခြင်း..

တစ်ဖျောက်ဖျောက်နဲ့  မိုးရေလည်းမဟုတ်ပါ..

ကဗျာသီဆဲဘ၀တွေနဲ့ ရာသီလွဲညတွေလေ..

တစ်ယောက်ထဲ နေ၀င်ချိန်တွေကိုစပ်ဆိုနေတာမောလှပြီ..

အဖန် ၅၀၀ နဲ့  ၅ ကမ်ဘာတာဘုရားမဟောခဲ့ရင် စောစောဝင်ခိုင်းလိုက်တယ်...


ရုပ်ရှင်ထဲမှာ အသားမဲမဲ ရုပ်ဆိုးဆိုးလူတစ်ယောက်များငိုနေရင် ဟာသတဲ့..

အသားဖြူဖြူမင်းသားတွေများ အခွင့်ထူးခံဖြစ်လိုက်ခြင်းတွေနော်..

အသားမဲမဲလူများ သေခဲ့ရင်ကော ဟာသပဲလား..

သိစရာ မလိုပါဘူး ပျော်နေပါစေကွာ...



မပျော်ဝင်တော့သောရုပ်နာမ်တွေမှာ ကျွန်တော့ပုံရိပ်တွေ၊စကားတွေအသုံးမကျစွာပါလာတတ်ပြီပဲ..

ပျော်ဝင်ခြင်းတွေစီးဝင်သွားသော အတိတ်များလည်း မနက်တွေကိုပြတ်ရယ်ပြုကုန်ပြီ..

ကဲ ကျွန်တော့ရဲ့ အသုံးမကျသော နှလုံးသားကြီးလည်း အတိတ်တွေကိုက်ဖြတ်ထားခဲ့ပြီ..

မနက်ဖြန်ဆိုရင် အသုဘရှိတယ်..အလွမ်းမြက်ခင်းများရဲ့ နှလုံးသားသဂြိုလ်ပွဲ..

0 comments: