အတိတ်တွေသဂြိုလ်လိုက်လို့  ပြာတွေအတိဖုန်းလွှမ်းခံ မျိုးစိတ် တခုပါ..
ကျွန်တော်ဘာအတွက်ထပ်ပြီးတောင့်တနေသလဲဆိုတာ မသိရှိမိပေမယ့်..
တဏှာနဲ့ ကဗျာကုန်ကြမ်းတွေအတွက်မဟုတ်ဘူး...
ကျွန်တော့ရဲ့ ပဲ့ကြွေလုစ အိမ်မက် အသစ်တစုံအတွက် ထမ်းထားစရာ ကလောင်တန်ပဲကျန်တယ်..
နှလုံးသွေးအပြည့်မှင်အိုးတလုံး...ယင်းထနေတဲ့ကဗျာ တောင်စဉ်အတွေးတွေနဲ့  သဲခြေပျက်စာပိုဒ်တချို့ ..
ကျွန်တော်ညောင်းလွန်းလို့ အနင်းခံနေတာမဟုတ်ဘူး သံသယာဝဋ်ကို ဖြည့်ဆည်းနေတာပါ အမိ...
အသစ်တွေထပ်မလိုချင်ဘူး..အဟောင်းအတွက် ကုန်ပါစေ..ဗြာဒိတ်များရဲ့ ဇာတိတော်အတိုင်းပေါ့..
ကဲကိုလေးဖြူရေ.....~ ရင်ခုန်သံအသေတွေကို ဖြန့် ကျဲ ပြီး အခန်းငယ်ထဲ.......~....
ကြေငြာခြင်း..
အခုမန္တလေးမှာရောက်နေပါတယ်..မကြာခင်blog ပြန်ရေးဖို့ ရှိပါသည်။
Donation from International students and workers from Malaysia via by Monestary
ကျွန်တော်အကြိုက်ဆုံးသီချင်း
Thursday, February 14, 2008
နာရေးကြော်ငြာ...(သို့ ) give up..
Posted by BLANK PAPER at 11:47 PM
Labels: My Poems in Burmese
Subscribe to:
Post Comments (Atom)
1 comments:
" Dedicated to " ဆိုတာလေး ထည့်အုံးလေ ;)
Post a Comment