ကြေငြာခြင်း..

အခုမန္တလေးမှာရောက်နေပါတယ်..မကြာခင်blog ပြန်ရေးဖို့ ရှိပါသည်။

Donation from International students and workers from Malaysia via by Monestary

ကျွန်တော်အကြိုက်ဆုံးသီချင်း

Sunday, February 17, 2008

ဝဋ်...

မြေပုံထဲမှာ ကြတ်ခြေခတ်လိုက်ချင်တဲ့ ရန်ကုန်မြို့ ကြီး...

ပြန်ပြောပြချင်တဲ့ အမေ့ကိုချစ်တဲ့အကြောင်းတွေ..

မနင်းဖြစ်တာ ၃ နှစ်ကျော်ပြီဖြစ်တဲ့ မြန်မာနိုင်ငံတော်...

ချစ်သူ၊ မုန်းသူ တို့ လည်း မေ့ကုန်နေကြပြီဖြစ်တဲ့ ကျွန်တော့အကြောင်း..

လှောင်ရယ်သံတွေနဲ့ များကြိုမှာလား ဒီလမ်းမများ...

အရင်က ဂျစ်ကားကြိုက်တဲ့ကျွန်တော်..

အခု ဂျားကစ် ခံရလို့ မုန်းပြီ..

ကျွန်တော်ထိုင်နေကျ မုန့် ဟင်းခါးဆိုင်လေးရော...



ဝေးကွာသွားသောချစ်သူနဲ့ သူ့ ကောင်လေးကိုပြန်တွေ့ ရင်ဘယ်လို နှလုံးသားနဲ့ ရင်ဆိုင်ရမလဲ..

ကျွန်တော်ရှောင်နေရသော အရက်နဲ့ အဆီအစိမ့်တွေက သူမနဲ့ ပြန်တွေ့ ရင်ဘာမှလုပ်မရ...

အူကြောင်ကျားနဲ့ ဖြတ်ခဲ့မိသော ကျွန်တော့အရင်က မမတစ်ယောက်(သူလည်းတယောက်ယောက်နဲ့ပေါ့)...

ကျွန်တော် ထပ်တူထပ်မျှ ၀ဋ်လည်နေကြောင်းဝန်ခံဖို့ သက်သက်ပြန်ခဲ့မယ်..၀ဋ်ကျွတ်ချင်ပြီဗျာ..

1 comments:

Unknown said...

ဟား....မိုက်တယ်ဟေ့
စာသားလေးတွေ...