ကြေငြာခြင်း..

အခုမန္တလေးမှာရောက်နေပါတယ်..မကြာခင်blog ပြန်ရေးဖို့ ရှိပါသည်။

Donation from International students and workers from Malaysia via by Monestary

ကျွန်တော်အကြိုက်ဆုံးသီချင်း

Showing posts with label Favourite Poems in Burmese. Show all posts
Showing posts with label Favourite Poems in Burmese. Show all posts

Sunday, May 25, 2008

(ဘယ်သူ့ ကဗျာမှန်းမသိပါ။ကြိုက်လို့ တင်ထားပါသည်)

သခင်မ....

ရင်ခုန်သံတွေကိုဘဲ 'ခေါစာပစ်' လိုက်ပါတယ်....

ပျော်ပါ....၊ပါးပါ....၊စားပါ...၊သောက်ပါ...

မရိုမသေ တမ်တမိတဲ့

ဟောဒီက အမိုက်အမဲကိုလည် အပြစ်က လွှတ်တော်မူပါ...။

မီးစတဖက် ရေမှုတ်တဖက်နဲ့

အကြည်လက်လက်တွေကိုလည်

ပေးသနားတော်မူပါ။

Read More...

Wednesday, February 20, 2008

ငါတို့ဟာဘယ်သူ့ လက်တွေလဲဟေ့...(အငွေ့ )

“လှူတာလည်း လက် ယူတာ လည်း လက်”

သူဌေးတစ်ယောက်ရဲ့ လက် က

ဘူဇွာ တစ်ယောက်ရဲ့ လက်နဲ့တူသလို

ဟစ်တလာရဲ့ သေနတ်ပစ်တဲ့ လက်နဲ့လည်းခပ်ဆင်ဆင်။

အမေ့ရဲ့လက်က မာသာထရီဇာ လက်ဖြစ်ကာ

ချစ်သူက ပေါ်လီယာနာ ကလေးရဲ့ လက်

မင်းလက်ဝါး ရဲ့ လက်နဲ့ အဖေ့ လက်ဝါး တူညီတယ်။


မြို့စားကြီး ဒရက်ကူလာ ရဲ့ လက်တွေနဲ့

လက်ဖက်ရည် ဆိုင် အတူတူထိုင်ခဲ့ ဖူးသလို

ဝင်ပုလွေ လာဆင် လိုလက်တွေနဲ့လည်း

အရက် အတူတူ သောက်သုံးခဲ့ဖူးတယ်။

ဒီခေတ်မှာ ပေါများလှတဲ့ ငတက်ပြားရဲ့ လက်တွေ

အကြောင်းသိနေသလို

စတာလင်လို လက်မျိုး ပိုင်ဆိုင်ချင် သူတွေကိုလည်း မုန်းမိတယ်။

ဂန္ဒီ ကြီးရဲ့ လက် ကရှားပါးသွားသလို

မွန်းရိုး လို လက်မျိုးတွေ ပေါပေါလာတယ်။

စာဖိုးမှုးတစ်ယောက်ရဲ့ လက်လို

ဘယ်အရာကို ဘယ်လို ပါးပါးလှီးရမလဲ ဆိုတာ

တွေး နေတဲ့ လက်တွေ ရှိသလို...

ဘုန်းတော်ကြီးတစ်ပါးရဲ့ တရားပေးတဲ့ လက်တွေလည်း ရှိတယ်။

ဒီတော့ လက်တွေ အကြောင်း ပြောရင်...အဆုံးမဲ့ ပုံပြင် .....။

“ယူတဲ့လက် ”

“လှူတဲ့လက် ”

“ခိုးတဲ့လက် ”

“ရိုက်တဲ့လက် ”

“သက်တဲ့လက် ”

“ဆိုးတဲ့လက် ”

....လက်...လက်...လက်...လက်..

“ကျွန်တော့်တို့လက်ကရော..ဘယ်သူလက်နဲ့..တူသလဲ.”..။

(အငွေ့ )


Read More...

သိမ်:မယ် (ကဗျာဆရာစောဝေ)

အထပ်ထပ်ကြဲချခြေရာများ

နှလုံးသားပေါ်မြတ်နိုးစွာ

သိမ်းမယ်။

ဘာကြောင့်ပစ်ပစ်ဘယ်လောက်ပစ်ပစ်

မင်းမျက်စောင်းတွေအားလုံး

အချစ်နဲ့လဲပြီး သိမ်းမယ်။



မြင်လိုက်တာနဲ့

စံပယ်ဖူးလို စူသွားတဲ့မင်းနှုတ်ခမ်း

မျက်ဝန်းထဲမှာ သိမ်းမယ်။



ရင်ခုန်သံတွေအပေါ်

နင်းသွားတဲ့ မင်းခြေဆောင့်သံ

နားနှစ်ဖက်နဲ့ သိမ်းမယ်။



အထပ်ထပ်ဝါးထားတဲ့

မင်းပီကေလေး

ခေါင်းထက်မှာ သိမ်းမယ်။



တွေ့လိုက်တာနဲ့ချာခနဲ လှည့်အထွက်

အင်္ကျီကြားက မင်းခါးသားလေး

ဝင်းမွတ်စွာ သိမ်းမယ်။



မင်းချွေးသုတ်ပြီး လွှင့်ပစ်တဲ့

တစ်သျှူးပေါ်က အနံ့လေး

အိပ်ကပ်ထဲမှာ အမြဲသိမ်းမယ်။



အမြဲမလစ်လပ်တဲ့ မင်းနှလုံးသား

လပ်ရဲလပ်ကြည့်အတွေးနဲ့

သိမ်းမယ်။



အရမ်းခံစားပြီး ရေးထားတဲ့ကဗျာလေးပေးဖတ်လိုက်တဲ့

အခါအစိတ်စိတ်အမွှာအမွှာ ဆုတ်ဖြဲပြီး

ဘာကြောင်တာလဲ ဆိုတဲ့မင်းအသံလေးနဲ့ပဲ ထုပ်သိမ်းမယ်။



ရည်းစားတစ်ယောက်က တစ်ယောက်အကူး

ထွက်ကျသွားတဲ့ မင်းရယ်သံ

နှုတ်ခမ်းထက်မှာ သိမ်းမယ်။



နေ့ည တွေးသမျှ အတွေးတွေအကုန်လုံး

မင်းသိမ်းသွားတဲ့အခါ

အကြီးကျယ်ဆုံး အရှုံးတစ်ခု သိမ်းမယ်။



ရည်းစားဘ၀ စိတ်ကောက်ရင်ရာထူးတက်တယ်တဲ့

ရည်းစားမဟုတ်သေးပေမယ့်မင်းစိတ်ကောက်နေတာလေး

စိတ်နဲ့ သိမ်းမယ်။



မတွေ့မမြင်တာကြာလို့ မေးတဲ့အခါဖျားနေတာ

အဖျားတွေ တသက်လုံးသိမ်းပါလား တဲ့

တုံ့ပြန်စကားလုံးများအိမ်မက်ထဲမှာ သိမ်းမယ်။



ရိုက်တော့မယ်လို့မာန်စောင်နေတဲ့

မင်းလက်ဖ၀ါးလေး

ပါးပြင်ပေါ်မှာ သိမ်းမယ်။



အချစ်တစ်ခုတည်းနဲ့သာလိမ်းခြယ်ထားမိတဲ့

ဘ၀လေးကျားသစ်လက်

ငါးမန်းပါးစပ်နဲ့တစ်ဟုန်ထိုး ဟပ်ဟပ်နေတာ

မင်း ...ပြန်မအမ်းတော့ဘူးလားဟင်

သိမ်းချင်လို့ပါ

သိမ်းမယ်။ ။



စောဝေ

Read More...

ကိုစောဝေကဗျာ..

မြစ်ဆိုပြီးကူးတဲ့အခါ

တံလျှပ်တွေ...

ကိုယ့် မြေဆိုပြီးပြေးတဲ့အခါ..

တိမ်တိုက်တွေ...

ပန်းတိုင်မဲ့လိုက်နေရပြီး

အရှုံးသရဖူပဲထပ်..ထပ်နေရ..

အဲဒါအရှုံးပါပဲ..

သဘာဝကျတဲ့အခါ

သိမ်းထားချင်တတ်လောက်အောင်လှပတယ်...


(ဆရာစောဝေ)

Read More...