စေတန်ရဲ့ ပုံရိပ်တွေလား...
သေပြန်ကွဲ့ ဘုံစိတ်တွေကြား..
ပေကျံခဲ့ အကြိုနမိတ်ပုံများ...
နင်ချန်တဲ့ အဆိုအမိန့် တွေလား..
ထင်ကျန်ဆဲ ရဂုံအိမ်မက်များ...
ကြေငြာခြင်း..
Donation from International students and workers from Malaysia via by Monestary
ကျွန်တော်အကြိုက်ဆုံးသီချင်း
Thursday, March 13, 2008
ကျွန်တော်၏ မွေးဖွားမြဲအိမ်မက်များ...
Posted by
BLANK PAPER
at
5:37 AM
0
comments
Labels: My old poems..
သေရာပါ...
သံသရာတွေနဲ့  ခတ်နှိပ်လို့ ..
ဒါဏ်ရာတွေရဲ့  Love အဆိပ်တို့ 
စန္ဒာမေရဲ့  ရက်အတိတ်တို့ ...
ခန္ဓာတွေနဲ့  Classmate မို့ ..
Heart တံဆိပ်တချို့ ....
Posted by
BLANK PAPER
at
5:21 AM
0
comments
Labels: My old poems..
Thursday, March 6, 2008
လျှော်ခြင်း..ဖွတ်ခြင်း..
စေလိုချိန်တွေ ရက်အမုန်းသို့ ချော်..
နေညိုချိန်တွေ chat သုံးလို့ မျှော်...
ရင်ငိုချိန်တွေ ပျက်သုံးလို့ ခေါ်
ဒီလိုအချိန်ဆို တယောက်ယောက်နဲ့ ပျော်ပေါ့..
တနွေလို ချိန်တွေ ဆက်မုန်းလို့  ငါ့ကို အဆုံးထိလျှော်ပါနော်..
Posted by
BLANK PAPER
at
6:58 AM
0
comments
Labels: My old poems..
Tuesday, February 19, 2008
ထိုရက်သို့ ရောက်တိုင်း...
နေပြောင်း လဖြစ်
တောင်းပန်ရစ်လည်း..
အဟောင်းပြန် အသစ်မဖြစ်တော့တာမို့ ..
ရောင်းရန် သေနတ်အစစ် ရှိရင်...
ပြောင်းပြန် တာပြစ်ထည့်လိုက်ချင်တယ်...
Posted by
BLANK PAPER
at
4:54 AM
0
comments
Labels: My old poems..
ဟိုတစ်ချိန်က...ဟိုအရင်ဘ၀..
ဟောင်းနွမ်းဆဲ Topic ကဗျာတွေ..
အကြောင်းတမ်းဆဲ ချော့ဖြစ်တာတွေ..
မမောလွမ်းမြဲ ဆော့ဖြစ်တာတွေ..
ပြောင်းလမ်းခွဲ လျှော့ ချစ်တာတွေ.....
Posted by
BLANK PAPER
at
4:53 AM
0
comments
Labels: My old poems..
ကျွန်တော်တို့ ရွာဓလေ့...
ရာသီကိုမှီ ဥတုကိုတည်
ဇဗ်ဗူတခွင်မှိုင်းပြ၊ အပူချိန်အတိုင်းကျလို့ 
လူပင်ကိုင်းကျအောင်သောက်မယ်ဟေ့ BE
အတည်မြည်းမှာကြက်ကြော်၊
ထွက်ဆော်ကာနှောင်တုပ်
အဟုတ်ကာတီး၊ အရုပ်တမာကြီးလို့ မပြောနဲ့ 
ဦးတုပ်ကြီးပိုင်ပစ်စည်း...
ဘာဘူကြီးပဲကြော်၊ အမြဲလှော်တဲ့ဆားထောင်း
သွားကျွတ်အောင်ဝါး၊ လိုက်ဖက်စေသား
ကဇော်ပိတ်တဲ့ ဇော်ဝိတ်၊ အဖော်အစိတ်နဲ့ 
အတော်တော့ကြိတ်လိုက်သည်
မခေါ်မဖိတ်ပဲ ဆော်တစိတ်လောက်လာရင်ရင်းလေးစရာ..
ဘယ်ခွေးမှ လူမထင်
ဆူစကာပင်၊ အပူရှာ
Q စရာတွေ ဘေးဖယ်
မဟူရာဝင် အလင်းကွယ်
ချက်ကြီးတို့ ပုန်းဆိုင်လေးဝယ်..
Posted by
BLANK PAPER
at
4:52 AM
0
comments
Labels: My old poems..
ဖြတ်သန်းနေသော သူမခေါ် ညများအကြောင်း....
ကြယ်ရောင်တွေလည်း မလင်းလက်..
ဖယ်ရှောင်သူရယ် ပြေးထွက်လို့ ..
ရယ်လှောင်ကာလေ ပေးတတ်တယ်..
သယ်ဆောင်ယူကာ တွေးတတ်တော့..
တကယ်လောင်ပူကာ ဆွေးတတ်ပေါ့...
Posted by
BLANK PAPER
at
4:51 AM
0
comments
Labels: My old poems..
မင်းမရှိတော့...
ကျွန်တော့မနက်ခင်းတွေမှာ အသံသာယာစွာလာမနိုးတတ်တဲ့သူတွေရှိလာတယ်..
အအိပ်စက်လွန်းတဲ့ ညတွေကလည်းများနေတော့
ကိုယ်ကိုယ်တိုင်နိုးထနေတဲ့နေ့ ရက်တွေကနေရာယူလို့ လေ..
သူမရယ်...ကောင်းမွန်တဲ့မနက်ခင်းတခုယူဆောင်လာမပေးနိုင်တော့ပေမယ့်ကိုယ်တိုင်ဖျော်သောက်ရနဲ့ ..
ကော်ဖီတွေတောင် ခါးသက်လို့ နေပါပြီကွာ.....
Posted by
BLANK PAPER
at
4:50 AM
0
comments
Labels: My old poems..
အာဒံမကြေနပ်နေသောလူတစ်ဦးအကြောင်း....
မနက်ဖြန်မှာရှိနိုင်မဲ့ အသစ်များကိုမစဉ်းစားမိခဲ့ဘူး
ဗီသိုဗင်ရဲ့ တေးသွားတွေက နေရာယူကောင်းနေဆဲကိုး
တမ်းတခြင်းတွေရှိမဲ့ Nickleback လဲမကယ်နိုင်ဘူး......
ဖျောက်ဖျောက်နဲ့ ရွာနေတဲ့မိုးကလူရဲ့ ဥတုအဟာရဖြစ်နေလေတော့
ချစ်ခြင်းတွေတောင် ပျက်သုန်းခြင်းထဲ စီးဝင်ကုန်ပြီ
များလာရင် ပြိုကျလာမဲ့ ရေကာတာနံရံတွေကို ခိုင်အောင်မဆောက်မိခဲ့ပါဘူး.....
ကျွန်တော့ကို ဘာဟင်းနဲ့ စားနေလဲမမေးပါနဲ့ 
ငရဲမီးကတခွက် ၊ ဖွဲမီးကတရှက်ရှက်နဲ့ 
ဒါပေမယ့် မျှော်လင့်ခြင်း ပန်းကန်ကြီးနဲ့ နော်...
အိမ်မက်တွေကရော မမေးပါနဲ့ 
သူမက နေရာယူပြီးသား ဘုံဗ္မိာန်ရဲ့ အရှင်သခင်ပဲ
ဒါပေမယ့် ကျွန်တော်က နေကွယ်လို့ ကွပ်မြက်ပြီးသား လောကအကျဉ်းသားပဲလေ...
မျှားလက်စ အနာဂါတ်တွေ ဘယ်ငါးမှလာမစားတော့ပါဘူး
ငါးစာဖြစ်နေတဲ့ ကျွန်တော့မျက်နှာကြီးက
အတိတ်တွေစားသုံးလိုက်တာကုန်ပေါ့ဗျာ...........
Posted by
BLANK PAPER
at
4:47 AM
0
comments
Labels: My old poems..
တွေးနေသည်...
စိတ်ရိုင်းတွေကို မအိပ်တိုင်း ထိုင်ချဲ့ 
သိပ်ဟိုင်းနေတဲ့ အတိတ် တံတိုင်း ယိုင်နဲ့ 
အရိပ်တိုင်းမှာလည်း Fake Design တွေ ခိုင်မြဲလို့ ...
ကြိတ်တိုင်းနေတဲ့ စိတ်လှိုင်းတွေလဲ Degree တွေမြင့်တတ်လို့ ...
Posted by
BLANK PAPER
at
4:46 AM
0
comments
Labels: My old poems..
ခံစားသော ပန်းကန်ပြား..
စိတ်ခံနဲ့  နိဗ္ဗာန်ကိုလည်းမမှန်းနိုင်..
ကြိတ်အကြံနဲ့  အတိတ်ဒါဏ်တွေလည်း..
သိပ်ခံနေရတော့ အိပ်ရန်တောင်ခက်နေတဲ့ဘ၀..
ဘာပဲဖြစ်ဖြစ်ငါ့ကို ပိတ်ကန်ကာထည့်လိုက်...
Posted by
BLANK PAPER
at
4:40 AM
0
comments
Labels: My old poems..
ဝိုင်းဝိုင်းကပြောတယ်..
အဖြစ်ဟာပြုံးဆဲ အစိုင်အခဲတစု..
ခောတ်ဟာရုန်းဆဲ ယိုင်လဲမှု..
အပြစ်ဟာအမုန်းရဲ့ အပိုဒ်ခွဲတခု...
အချစ်ဟာရှုံးမဲ့ တိုက်ပွဲတခုပေါ့..
Posted by
BLANK PAPER
at
4:38 AM
0
comments
Labels: My old poems..
အချစ်ဟုခေါ်သော ကျွန်တော့၏အဘိဓမ္မာ...
ဗျူဟာတွေ နဲ့  ပူစရာတွေရှာလည်း
အတူကာလေ ကျူစရာတွေလည်း
ရူပါအနေကြောင့် ဆူစကာလူကို
မူစရာတွေအပြည့် ညူစူကာလေမေ့ပေါ့....
Posted by
BLANK PAPER
at
4:35 AM
0
comments
Labels: My old poems..
ခေါက်ရိုးကျိုးနေ့ ရက်လေးများ..
မီးပူပူနဲ့ တိုက်လို့  သပ်သပ်ရပ်ရပ်ပါပဲ
ရေစွတ်လို့ လဲ ခြောက်ကပ်လွယ်တယ်
စည်းစနစ်ကျကျ နှလုံးသားတစုံ ခေါက်လို့ သိမ်းထားတယ်..
ဘယ်လိုတန်ဖိုးကြီးကြီး
အဖိုးအခဘယ်လောက်ပေးပေး ကျွန်တော်မငှားရက်၊မရောင်းရက်ပါဘူးဗျာ..
ရင်ခွင်ရဲ့ခုံတန်းမှာဝင်ထိုင်ဖို့  Register ပိတ်ခံရတာ ကြာသလောက်ရှိပါပြီ..
ဘယ်တော့မှလည်း တစ်ယောက်တည်း နဲ့ မပြီးတော့မယ့် ဒီကျောင်းတော်ကြီးပါ..
ဘာပဲဖြစ်ဖြစ်ပါ သူမရယ် နောက်ဆုံးမှာ နေရာတခုကျန်နေသေးတယ်..
အဲဒါကျွန်တော်ပေါ့..
မွဲခြောက်ခြောက်နေ့ ရက်တွေဖြတ်သန်းနေပေမယ့်..
ဟန်ဆောင်ခြင်း မျက်နှာအပြုံးတွေနဲ့ ပါ..
ပူလောင်ခြင်း ဟင်းရည်ဟာ နှလုံးသားအဟာရအတွက်မဖြစ်ပေမယ့်..
အရှုံးများကို သဘာဝလို့ တော့ လက်ခံပြီးမြိန်ရည်ရှက်ရည်ပဲဗျာ..
သူမရဲ့ သွားမယ့်ခရီးလမ်းတွေရောဖြောင့်ဖြူးသာယာပါစ..
ကျွန်တော်ကတော့ ဆူးတွေ၊ခလုပ်တွေရင်ဘက်နဲ့ နင်းချေလို့ လဲလျောင်းပေးထားတယ်..
နင်းသွားရင် လှည့်မကြည့်ခြင်းတွေနဲ့ သွားပါ..
မျက်ဝန်းဓါးစက် ဆူးထက် အမျက်ဝင်တတ်လို့ ..
လွမ်းမောခြင်းဟာကျွန်တော့မှာ အရိပ်လိုကပ်ပါနေကျ ပုံရိပ်စစ်..
ရှေ့ကသွားရင်လည်း လိုက်ရတာမောတယ်၊ နောက်ကလည်းချန်ရစ်ခဲ့တော့စောင့်ရတယ်..
သဏ္ဍန်တူသွားတဲ့ မွန်းတည့်မှာပေါ့ နေမြင့်လေအရူးရင့်လေဘဲဗျို့ ..
ဘုရားကို ဖက်လို့ ခရမ်းပျိုးထားတဲ့ အနာဂါတ်နေ့ ရက်အပိုတွေရှိနေသးတယ်..
မေတ်တာသုတ်အတွက် ငြိမ်းချမ်းစေ...ဘေးမသန်းပဲ..အေးချမ်းပါစေ..အိုလောကသားတို့ ..
Posted by
BLANK PAPER
at
4:34 AM
0
comments
Labels: My old poems..
ဟိုအရင်က ဒီနေရာလေးက
ဒီနေရာ က သစ်ပင်အိုကြီးလား?
မဟုတ်ပါ သူမရှိစဉ် ပန်းတွေဖူးပွင့်ခဲ့ပါသည်..
ဒီနေရာ က မုန်းတိုင်းဒါဏ်သင့်ရာသီဥတုလား..??
မဟုတ်ပါ သူမရှိစဉ် မိုးပေါက်လေးတွေနဲ့ လျပ်စီးကြောင်းများစွာ ရေတွက်ဖူးပါသည်..
ဒီနေရာက ဆူညံဆူညံ Rap သီချင်းလား??
မဟုတ်ပါ သူမရှိစဉ် နူးညံ့တဲ့ Love song ၁ ပိုဒ် ၂ ပိုဒ် လောက်နားဆင်ဖူးသည်..
ဒီနေရာက ဇရပ်အိုလား..??
မဟုတ်ပါ သူမနဲ့ အတူထိုင်ခဲ့ဖူးသော Heaven Cottage ပါ..
ဒီနေရာက လူအိုအရူးကြီးက??
မဟုတ်ခဲ့ပါ သူမကိုချစ်နေသေးတဲ့ လူ....
ဒီနေရာမှာ သူပါးစပ်ကရေတွက်နေတာ..??
တရားစာတချို့ တ၀က်၊ကုန်လွန်သွားသောနေ့ စွဲများ နှင့် သူမပြန်လာမည့်ခြေလှမ်းလေးများ....
Posted by
BLANK PAPER
at
4:32 AM
0
comments
Labels: My old poems..
ကျွန်တော်သိသောအတ်တ....
ကျွန်တော့မှာ ထူးထဲတဲ့ အတ်တတွေရှိပါတယ်..
ဒါပေမယ့် တိမ်စိုင်တွေလိုပဲ..
တွန်းတိုက်၊ ခုခံဖို့ ရာ အင်အားမရှိဘူး..
လေရဲ့ သယ်ဆောင်ရာမှာလည်းလိုက်ရတယ်...
မိုးညိုချိန်မှာလည်း လိုက်ညိုရပါတယ်..
ဒါပေမယ့် မိုးရွာပေးနိုင်တဲ့ အေးချမ်းမှုမျိုးတွေတော့ပိုင်ဆိုင်တဲ့အတ်တပါ...
ကျွန်တော်သူမကို ဂရုစိုက်ပေးချင်တယ်..
ကျွန်တော်သူမအတွက် စိုးရိမ်းပေးချင်တယ်..
ကျွန်တော်သူမအတွက် ရှေ့ကနေပေးမယ်..
အဲဒါတွေကို ကျွန်တော့ရဲ့ အတ်တလို့ ခေါင်းစဉ်တပ်ပေးမလား......
Posted by
BLANK PAPER
at
4:31 AM
0
comments
Labels: My old poems..
အမြဲတမ်းဒီတိုင်းပဲ...
မြင်ယုံနဲ့  ပြုံပေးထားမယ်...
ရင်ခုန်လို့  ဖုန်းလေးနားဝယ်..
သင်မယုံလည်း မုန်းပေးထားကွယ်..
ရင်ခုန်နှုန်း အဟောင်းလေးတိုင်းပဲ.....
Posted by
BLANK PAPER
at
4:31 AM
0
comments
Labels: My old poems..
တခုသောနံနက်..အတိတ်တွေ ခဏပြန်လာခြင်း.
သွားတိုက်တန်လေးက နှစ်ချောင်း..
မျက်နှာသုပ်ပုဝါလေး နှစ်ထည်..
အအေးနှစ်ခွက်..
ထမင်းကြော် ပန်းကန်နှစ်ချက်..
အပြင်ထွက်ပြီး Store ဆိုင်မှာ Ice cream တခုပြေးဝယ်လိုက်သေးတယ်..
သွားတိုက်တော့ ကျွန်တော်ယူသုံးတာ တစ်ခု..
မျက်နှာသုပ်ပုဝါလည်း တစ်ထည်းတည်း...
အအေးလည်းတခွက်..ထမင်းကြောင်လည်းတစ်ပန်းကန်ပဲ..
ရေခဲသေတ်တာထဲက Ice cream ကိုထုတ်ပြီးယူလာတော့ကျွန်တော့အတွက်မဟုတ်တာသေချာသွားပြီ...
နောက်တစ်ခုစီက...........???
တွေးဝေမိသော စက်ကန့် လေးများ...
အတိတ်ရဲ့ အရိပ်များ..
အဝေးကို ပြန်ကြည့်မိနေသော စိတ်ကူးများ...
အရည်ပျော်ကျနေသော ice cream ....
Posted by
BLANK PAPER
at
4:29 AM
0
comments
Labels: My old poems..
ရင်ခွင်ဟောင်းကြီး....
တိုးတိုးညှင်သာ တိုက်ခက်ပါ...
လွမ်းမိုးရင်မှာ ခိုက်လျှက်ပါ..
ပန်းပျိုးချင်တာ တစိုက်မတ်ပါ...
အနမ်းညိုးရင်ဟာ အိုက်လျက်သာ....
Posted by
BLANK PAPER
at
4:28 AM
0
comments
Labels: My old poems..
ကြယ်ရောင်ကွဲ or ပိုးဟတ်.....ကျွန်တော်ဆိုတာ
လူမျိုးက ဗမာ
မွေးတာက အညာ
ရေးနေတာက ကဗျာ
သွားနေတာလမ်းက မသာ
တားမရတာက ၀ါသနာ
ကိုးကြယ္ရာဗုဒ္ဓ
ရင္မြဲတာက မုခ်
ဆင်မြဲတာက ရုပ်ဘ၀.....
နေနေတာက မလေးရှား
ကလေးကစားသော အတွေးမျာဖဲ့...
မွေးထားသော ခွေးဝဲစားနဲ့ ...
ချစ်တာက တစ်ယောက်ထဲ
ပြစ်ပါယ်ကာ ဖယ်ရှောင်ခွဲ..
အမြစ်တွယ်ကာ သယ်ဆောင်ဆဲ..
ခောတ်အလယ်က ကြယ်ရောင်ကွဲ...
မပြောထွက်လို့  မှတ်ချင်မှတ်ပါ ဆန်ဒကဗျာ...
ကျွန်တော့အတွက်တော့ သတ်ဗေသတ်တာ ကံမသက်ကာ.....
Posted by
BLANK PAPER
at
4:27 AM
0
comments
Labels: My old poems..
