ကြေငြာခြင်း..

အခုမန္တလေးမှာရောက်နေပါတယ်..မကြာခင်blog ပြန်ရေးဖို့ ရှိပါသည်။

Donation from International students and workers from Malaysia via by Monestary

ကျွန်တော်အကြိုက်ဆုံးသီချင်း

Tuesday, February 19, 2008

ဟိုအရင်က ဒီနေရာလေးက

ဒီနေရာ က သစ်ပင်အိုကြီးလား?

မဟုတ်ပါ သူမရှိစဉ် ပန်းတွေဖူးပွင့်ခဲ့ပါသည်..



ဒီနေရာ က မုန်းတိုင်းဒါဏ်သင့်ရာသီဥတုလား..??

မဟုတ်ပါ သူမရှိစဉ် မိုးပေါက်လေးတွေနဲ့ လျပ်စီးကြောင်းများစွာ ရေတွက်ဖူးပါသည်..



ဒီနေရာက ဆူညံဆူညံ Rap သီချင်းလား??

မဟုတ်ပါ သူမရှိစဉ် နူးညံ့တဲ့ Love song ၁ ပိုဒ် ၂ ပိုဒ် လောက်နားဆင်ဖူးသည်..



ဒီနေရာက ဇရပ်အိုလား..??

မဟုတ်ပါ သူမနဲ့ အတူထိုင်ခဲ့ဖူးသော Heaven Cottage ပါ..



ဒီနေရာက လူအိုအရူးကြီးက??

မဟုတ်ခဲ့ပါ သူမကိုချစ်နေသေးတဲ့ လူ....



ဒီနေရာမှာ သူပါးစပ်ကရေတွက်နေတာ..??

တရားစာတချို့ တ၀က်၊ကုန်လွန်သွားသောနေ့ စွဲများ နှင့် သူမပြန်လာမည့်ခြေလှမ်းလေးများ....

0 comments: