ကြေငြာခြင်း..

အခုမန္တလေးမှာရောက်နေပါတယ်..မကြာခင်blog ပြန်ရေးဖို့ ရှိပါသည်။

Donation from International students and workers from Malaysia via by Monestary

ကျွန်တော်အကြိုက်ဆုံးသီချင်း

Thursday, February 14, 2008

နာရေးကြော်ငြာ...(သို့ ) give up..

အတိတ်တွေသဂြိုလ်လိုက်လို့  ပြာတွေအတိဖုန်းလွှမ်းခံ မျိုးစိတ် တခုပါ..



ကျွန်တော်ဘာအတွက်ထပ်ပြီးတောင့်တနေသလဲဆိုတာ မသိရှိမိပေမယ့်..



တဏှာနဲ့ ကဗျာကုန်ကြမ်းတွေအတွက်မဟုတ်ဘူး...



ကျွန်တော့ရဲ့ ပဲ့ကြွေလုစ အိမ်မက် အသစ်တစုံအတွက် ထမ်းထားစရာ ကလောင်တန်ပဲကျန်တယ်..




နှလုံးသွေးအပြည့်မှင်အိုးတလုံး...ယင်းထနေတဲ့ကဗျာ တောင်စဉ်အတွေးတွေနဲ့  သဲခြေပျက်စာပိုဒ်တချို့ ..



ကျွန်တော်ညောင်းလွန်းလို့ အနင်းခံနေတာမဟုတ်ဘူး သံသယာဝဋ်ကို ဖြည့်ဆည်းနေတာပါ အမိ...



အသစ်တွေထပ်မလိုချင်ဘူး..အဟောင်းအတွက် ကုန်ပါစေ..ဗြာဒိတ်များရဲ့ ဇာတိတော်အတိုင်းပေါ့..



ကဲကိုလေးဖြူရေ.....~ ရင်ခုန်သံအသေတွေကို ဖြန့် ကျဲ ပြီး အခန်းငယ်ထဲ.......~....

Read More...