ကြေငြာခြင်း..

အခုမန္တလေးမှာရောက်နေပါတယ်..မကြာခင်blog ပြန်ရေးဖို့ ရှိပါသည်။

Donation from International students and workers from Malaysia via by Monestary

ကျွန်တော်အကြိုက်ဆုံးသီချင်း

Sunday, February 17, 2008

၂၀၀၆ ခုနှစ်များဆီ...

ကြယ်လေးတွေကို Rthyme ကျ ကျ တီးခက်နေမိတယ်..



ရေခွက်ထဲမှာ ကျလာတတ်တဲ့ လရောင်ကို မျက်နှာသစ်ရင်း..



အိမ်မက်တွေရဲ့ ဟိုတစ်စ ဒီတစ်စ သူမ ထွက်သွားတဲ့ညပေါ့...


ပြေးဖမ်းမိပါတယ် နံရံကြားက ဟိုတစ်စ ဒီတစ်စ အလင်းဖြောက်လေးတွေကိုပေါ့...



လောက်ကျွမ်းမှုဆိုတာ သူမအတွက် မီးညှိယုံသက်သက်နဲ့  Oxygen တွေအံထုပ်ဖို့ သက်သက်ပဲ..



ဆေးခါးကြီးတွေတခွက်တပေါက် နဲ့ အတိတ် ၀တ်စုံရဲ့ ဒါဏ်ရာက Waterloo စစ်က Napolian ကျရှုံးခန်း...



ကျရှုံးမှန်းသိရက်နဲ့ စစ်ကို ဆက်လက်တိုက်ခိုက်နေသူ ပါ..နေမမြင်၊လအ၀င်ပေါ့..



ကမ်ဘာကြီးရဲ့ အဖြစ်အပျက်တွေတောင်မသိလိုက်ဘူး..Fatah နဲ့ Hamas လည်း စစ်တိုက်တုန်း..US က presidential election...DNA နဲ့ Metabloism process..Larry King က စပ်စုဆဲ..



UFOs ကိုလည်းတွေရှိဆဲပဲ...Italy ကဘောလုံးလူရမ်းကားတွေအကြောင်း...ကျွန်တော်အားပေးတဲ့ MU..



မနေ့ တနေ့ ကမှ ဘေးကလူတွေပြောမှ သိခဲ့ရတဲ့အဖြစ်အပြတ်တွေ..



ငုတ်တုတ်မေ့နေ လိုက်တာ...ကျွန်တော်ရက်စွဲတွေက 2007 ပါ.. ကျွန်တော်ဖတ်နေတာ 2006 ခုနှစ်ရဲ့ ကျွန်တော်နဲ့ သူမရဲ့  Unforgetable Memory issue ပါ..ဒါပေမယ့် တစ်ခြမ်းပဲ့နေပြီဖြစ်တဲ့ကျွန်တော့ရုပ်ပုံလွှာ....

0 comments: