ပင်မြင့်စံပန်း..
မနမ်းရက်မို့ ..
လေပြေမိတ်ဖွဲ့ ..
ယိမ်းနွဲ့ နွဲ့ တိမ်း..
အလှထိန်းလို့ ..
ကယိမ်းကာနေပါစေ...
ကြေငြာခြင်း..
Donation from International students and workers from Malaysia via by Monestary
ကျွန်တော်အကြိုက်ဆုံးသီချင်း
Thursday, March 6, 2008
အဝေးကပန်းလေး..
Posted by
BLANK PAPER
at
8:06 AM
1 comments
Labels: My Poems in Burmese
နှလုံးသွေး Circulation Crisis
စေတန်ကို ဋ္ဌာပနာလို့ 
အသေသဏ္ဍန်ကို ကမ္ဗလာသို့ 
နွေအဆန်ကို ကဗျာအမှာသို့ ...
အကြွေဒဏ်ကို တာယာအလွာသို့ ဆင်းစေသော်...
Posted by
BLANK PAPER
at
7:09 AM
0
comments
Labels: My Poems in Burmese
လျှော်ခြင်း..ဖွတ်ခြင်း..
စေလိုချိန်တွေ ရက်အမုန်းသို့ ချော်..
နေညိုချိန်တွေ chat သုံးလို့ မျှော်...
ရင်ငိုချိန်တွေ ပျက်သုံးလို့ ခေါ်
ဒီလိုအချိန်ဆို တယောက်ယောက်နဲ့ ပျော်ပေါ့..
တနွေလို ချိန်တွေ ဆက်မုန်းလို့  ငါ့ကို အဆုံးထိလျှော်ပါနော်..
Posted by
BLANK PAPER
at
6:58 AM
0
comments
Labels: My old poems..
Monday, March 3, 2008
လှောင်ရင်းနဲ့ ကြေနပ်ကြပါ...
အတိတ် တဘောင်နဲ့ 
အရိပ်တွေ ဖောင်ဖွဲ့ ..
ပိတ်ထွေ မှောင်ခဲ့လို့ ..
သိပ်ခြွေ လှောင်ဖွဲ့ တော့..
ဒါစိတ်အလေကောင်ရဲ့ ဝိသေသ..
Posted by
BLANK PAPER
at
8:18 AM
2
comments
Labels: My Poems in Burmese
Saturday, March 1, 2008
နွေပန်း (သို့ ) အမိ..
လေထက်လူးလို့  နေ...
မြေထက် မူးလို့  ထွေ...
ပေထက် ရူးလို့  ကြွေ.....
သေမတတ် လူးတဲ့ ပန်းခရေ....
Posted by
BLANK PAPER
at
2:03 AM
0
comments
Labels: My Poems in Burmese
Sunday, February 24, 2008
နတ်သမီး ရဲ့ Audience...
စိတ္တဇ တို့ နဲ့  အိပ်မရတဲ့ ည.....
ဖိတ်ကျ လို့  အရိပ်ခ နေတဲ့ လ....
ကိစ္စတို့  မိစ္ဆတွေ နဲ့  ဟစ်ကြွေး
သိပ်လှလို့  အဆိပ်မွမွတွေနဲ့  ခြစ်ရေးကုန်ပြီလားအမိရယ်...
Posted by
BLANK PAPER
at
6:38 AM
0
comments
Labels: My Poems in Burmese
အတိတ်တွေ ခဏအလည်လာခြင်း...(သို့ ) Rhyme မဲ့ ဂစ်တာ....
နေရောင်တပေါက် ကျွန်တော် မျက်လုံး အစုံကို ထိုးထွက်လို့ နေတယ်..ရုတ်တရက် ထရပ်လိုက်တာ...
ဟ သွားပြီ!!!...နောက်ကျနေပြီပေါ့..သွားတိုက်ဆေးကို ညှစ် သွားပွါတ်တံ ၂ ချောင်းကို ဖြည့်..တစ်ချောင်းကို ကျွန်
တော် သွားယူတိုက်လိုက်တယ်..ပြီးတော့ကဗြာကယာလုပ်နေကျအတိုင်းသီချင်းကို ထဖွင့်လိုက်တယ်
ကျွန်တော်အမြဲတမ်းနားထောင်နေကျ Nickelback ရဲ့  Someday..မေ့နေလိုက်တာ မနေ့ ကထဲက ပဲစိမ်းဘူးလေးကုန်းသွားပြီ..နီး
စပ်ရာ Seven Eleven စတိုးဆိုင်လေးမှာပဲ ၀ယ်ဖြစ်လိုက်တယ်..အဲ ခုသတိရပြီ ချောကလက် ရေခဲမှုန့် ..ဟုတ်ပြီ..
တချက်ပစ္စည်းတွေကို စစ်လိုက်တယ်..အားလုံးပါပြီ..ကဲတတ်ကြွသောခြေလှမ်းများဖြင့်အိမ်ပြန်ပါပြီ..အိပ်ရောက်
တော့ ထမင်းအိုးအမြန်တည်...ကျတ်တာနဲ့ ပဲစိမ်းဘူးလေးကိုဖောက်..အမေပေးလိုက်တဲ့ ငခြောက်လေးတွေကို ထုတ်
ပြန်အပူပေး..ပြီးတော့ ထမင်းနဲ့ ပဲစိမ်းကို ကြက်သွန်လေးပါးပါးလှီးပြီးသုတ်လိုက်တယ်...ပြီးတော့ထမင်းပန်း
ကန်တွေကိုယူ စားပွဲပေါ်မှာသွားတင်ထားလိုက်တယ်..ရေခဲမုန့် လေးကိုလဲ ထမင်းစားပြီသူမစားရအောင်တင်ပေး
ထားတယ်...အင်း အားလုံးတော့ပြီးပြီ အပေါ်ကိုပြန်တက်..သူမအခန်းကို တံခါးခေါက်လိုက်တယ်..သူမမနိုးသေး
ဘူးလားမသိဘူး...လက်ကို ပြန်ကြည့်လိုက်တော့ မနက် ၉ နာရီ..အာ မဖြစ်သေးပါဘူး အခန်းထဲဝင်နိုးမယ်ဆိုပြီး
တခါးဖွင့်လိုက်တယ်..
နေထွက်တာ ဒီနေ့ ပဲလားလို့ မေးရင် နေ့ တိုင်းပါ..
ကမ္ဘာကြီး ၂၃ နှစ်ပိုင်း နှစ်ပိုင်း တစ်ပိုင်းဒီဂရီကကော နေတိုင်းပဲ..
သွေးစက် တွေကိုအရောင်မပြောင်းလဲ နိုင်တော့တဲ့ Body Art သမားညံ့ဖျင်းမှုလား..
ကျွန်တော် ချုပ်လုပ်သော အ၀တ်ကို ဒါဏ်ရာလို့ ခေါ်ရင် အ၀တ်ကခေါင်းငြိမ့်နေတယ်..
အခန်းထဲက မြင်ကွင်း.... ပိုးချည်မျှင်များနဲ့  စားပွဲများ..ကုလားထိုင်များနဲ့  ကုတင်တလုံး..၂၀၀၆ ခုနှစ် ဒီဇင်ဘာရဲ့ ပြက္ခဒိန်အဟောင်းတခု..၁၀ ရက် ၇ လ ၂၀၀၇ နှစ်ခုနှစ်က အတိတ်တွေပြိုကျခဲ့တဲ့ e-mail ပို့ ဖြတ်စာ တစ်စောင်...
ကျွန်တော့်အခန်းကို ပြန်သွားခဲ့တယ်..ကျွန်တော်ကုတင်ပေါ်မှာ စာအုပ်တအုပ်တွေ့ တယ်...
ွှ
ွှအိုင်းစတိုင်းနှင့်သူ၏ နှိုင်းရသီအိုရီ..Time Machine ဆိုတဲ့ဝတ္ထုတစ်အုပ်..ညကဖတ်ပြီးအိပ်ပျော်သွားခဲ့တာပဲလို့ 
ကိုယ့်ကိုယ်ကို သတိတရတွေနဲ့ ပြောရင်း...ထားပါလေ..ထမင်းစားခန်းကို ပြန်လာခဲ့တယ်..ထမင်း ၂ ပန်းကန် နဲ့ 
အရည် ပျော်နေပြီဖြစ်တဲ့ ရေခဲမုန့် လေး.........
(P.S: ကျွန်တော် ဒီ short stories လေးကို september 1 ရက်နေ့ ကရေးပြီးပျောက်ဆုံးရာမှ ခုပြန်တွေ့ လို့ တင်
ဖြစ်ခြင်းဖြစ်ပါသည်...)
Posted by
BLANK PAPER
at
6:30 AM
1 comments
Labels: My Article



