မတောက်ပသော အိပ်ကပ်များလဲရှိ
ပျောက်ရှသော စိတ်ဓါတ်များလဲအသိ..
နောက်ကျသော အရိပ်နက်များနဲ့ ငြိ...
ဂေါက်ပြ သော အတိတ်ဓါတ်များနဲ့  ချိနဲ့ လို့ ...
ကြေငြာခြင်း..
Donation from International students and workers from Malaysia via by Monestary
ကျွန်တော်အကြိုက်ဆုံးသီချင်း
Thursday, May 29, 2008
ဘ၀နဲ့ ဘ၀င်များအစည်းမကပ်သော်..
Posted by
BLANK PAPER
at
2:00 AM
0
comments
Labels: My Poems in Burmese
ဖွဲ့ တည်ရာ..
ရင်ကို လှုပ်ခတ်စေသော ဆွဲလဲလေးလေဆိတ်သုန်းလို့ ..
ပဲ့တင်သံတွေ မခက်တော့တဲ့ နှလုံးနံရံတွေမှာ ဖွဲ့ တည်တယ်..
ကြည်လင်သောမျက်ဝန်းလေးတွေလေ..
မဆုံနိုင်ခြင်းတွေနဲ့ ဖွဲ့ တည်တယ်..
ရာသီကြိုသစ်ပင်လေးတွေလေ..
မြေသြဇာ ငတ်လင့်မှုအတွက် ဖွဲ့ တည်တယ်..
အိမ်မက်တွေကကော..
မရောက်ရှိလာခြင်းများကြား ဖွဲ့ တည်တယ်..
ရိုးပျက်အတိတ်တွေကကော...
အလင်္ကာတွေအဖြစ် ဖွဲ့ သီကြရောတဲ့..
Posted by
BLANK PAPER
at
1:41 AM
0
comments
Labels: My Poems in Burmese
မျက်ဝန်း..
ရိုက်ခက်စဉ် ဒီမိုး..
လိုက်ဖက်ချင် ဒီအဆိုးတို့ နဲ့ ..
မြိုက်ချက်ဝင် Heat မျိုးတို့ ဖွဲ့ ..
စိုက်သတ်ချင် အကြည့်မျိုးတို့ နဲ့ နော်..
Posted by
BLANK PAPER
at
1:22 AM
0
comments
Labels: My Poems in Burmese
Monday, May 26, 2008
လမ်း..
ဘာ့အတွက်များ ငိုငြီး..
ငါ့အတွက်တော့ တစ်ကိုယ်တည်း..
အညတရရဲ့  ဒီခရီး..
အလှအပအတွက်နဲ့ ဆိုတီးအုန်းမယ်..
Posted by
BLANK PAPER
at
2:34 AM
0
comments
Labels: My Poems in Burmese
ည ခိုးဝေ...
ကန္တရမှာ စန္ဒာလက
ထွက်ပေါ်တစ်ခြမ်း
ဖက်ခေါ်ကာနမ်းလို့ မရ..
အထက်ပျော်စရာ မှန်းလဲမ၀..
ရက်မှော်ဆရာ လွမ်းတဲ့ဘ၀....
တစ်သက်လျှော်ကာလေ မြန်းတဲ့ ည......
Posted by
BLANK PAPER
at
1:18 AM
0
comments
Labels: My Poems in Burmese
Sunday, May 25, 2008
Wave အဟောင်းများရဲ့ အံထုတ်မှု
မျှော်လင့်ချက်တစုံနဲ့  ဖွ ခြုံသော နှလုံးအသေ..
ပျော်သင့်မြတ်ဘုံဖွဲ့  ထခုန်သော အပြုံးတွေ...
ရော်ညစ် အသက် မှုံရဲ့  အမုန်းအကြေသည်...
ခေါ်လင့်လျက် ကုန်သော အရှုံးတွေနဲ့ နေနေပေါ့..
Posted by
BLANK PAPER
at
3:45 AM
0
comments
Labels: My Poems in Burmese
(ဘယ်သူ့ ကဗျာမှန်းမသိပါ။ကြိုက်လို့ တင်ထားပါသည်)
သခင်မ....
ရင်ခုန်သံတွေကိုဘဲ 'ခေါစာပစ်' လိုက်ပါတယ်....
ပျော်ပါ....၊ပါးပါ....၊စားပါ...၊သောက်ပါ...
မရိုမသေ တမ်တမိတဲ့
ဟောဒီက အမိုက်အမဲကိုလည် အပြစ်က လွှတ်တော်မူပါ...။
မီးစတဖက် ရေမှုတ်တဖက်နဲ့
အကြည်လက်လက်တွေကိုလည်
ပေးသနားတော်မူပါ။
Posted by
BLANK PAPER
at
3:33 AM
0
comments
Labels: Favourite Poems in Burmese
Rejected proposal များအကြောင်း...
အနွမ်းဝင်တချို့  မရွှင်ပြတာပါ..
အစမ်းထွင်လို့  ရင်ဟတာငါ..
အကြမ်းဝင်လို့  နှင်ပြတာလား..
အလွမ်းသဘင်မို့  တင်ကတာပါ...
Posted by
BLANK PAPER
at
2:33 AM
0
comments
Labels: My Poems in Burmese
နောက်ကျခြင်းများ..
မိုးစက်နောက်သို့ ..
ပျိုးသက်ကောက်ဖို့ ...
ရိုးပျက်ခြောက်တို့ ...
နိုးစက် ပျောက်လို့ နောက်ကျနေပြီ....
Posted by
BLANK PAPER
at
1:51 AM
1 comments
Labels: My Poems in Burmese