ကြေငြာခြင်း..

အခုမန္တလေးမှာရောက်နေပါတယ်..မကြာခင်blog ပြန်ရေးဖို့ ရှိပါသည်။

Donation from International students and workers from Malaysia via by Monestary

ကျွန်တော်အကြိုက်ဆုံးသီချင်း

Saturday, June 21, 2008

July အတွက်တေးတစ်ပုဒ်...

တေးသံအသစ်တွေ ရွာချလိုက်မယ်..

ကောင်းကင်ကို နားတွေ မော့ထားလိုက်...

နံနက်တွေအတွက် အစားအသောက်ရှိတယ်..

မင်းနုတ်ခမ်းများရဲ့ မင်္ဂလာရှိမှု...

လေလွင့်နေတဲ့ အိမ်မက်များရှိတယ်...

ငါ့ရင်ခွင်မှာ အလေ့ကျပေါက်လို့ ..

အလွမ်းတွေအတွက် ထွန်ယက်ရင်ရော..

နှလုံးအိမ်ရဲ့ ကြမ်းရှရှ တိမ်တိုက်တွေညိုလို့ ...

ရွာလိုက်တော့ကွာ မိုးရေတွေစိုလို့ ...

Read More...

ရင်ခုန်ခြင်းလော...

စိမ့်ဝင် အကြင်နာပတ်ပျိုးလွှာ..

အိပ်ချင် လင်္ကာတသက်မရိုးပါ...

စိတ်အစဉ် ပညာသတ်မိုးကဗျာနဲ့ ..

အရိပ်ထင် ရင်ခွင်ဖွဲ့ ရိုးရာတဲ့...






Read More...

ချစ်ပါ၏..

သဒ္ဒါတွေ ခူးရစ်

တာရာခြွေ ထုဆစ်

ကဗျာတွေနဲ့ မူးရစ်လို့ ..

ငါသာလေ အထူးချစ်လို့  အရူးဖြစ်နေပေါ့..

Read More...

Saturday, June 14, 2008

ဇွန်...

ခက်နွယ် ဇွန်ပန်း..

ဒီပင်နန်း၌ ..


မြစ်တွယ်ထင်မိုး....

သစ်ချယ် ပင်ပျိုးလို့ 

ရင်တန်ခိုးနဲ့ ဆင်မျိုးလှစေမင်း...

Read More...

မျက်နှာများတဲ ကံရေ..

နတ်ဘုရားတွေ ရက်အမှားတွေနဲ ဆုချတာလား..

သက်ထားရေ နံနက်အဖျားတွေနဲ့ ပြုပြတာလား....

လက်ဖျားတွေ မှတ်သနားဆွေဖို့ နုရွတာလား...

ပျက်စကားခြွေ ဆက်များနေတော့ သုဘထံပါး....

Read More...

Thursday, June 12, 2008

မျက်ဝန်းများခရီးထွက်သော်..

ဆံစတွေရဲ့  အတိမ်အနက်..

သဏ္ဍန်အလှတွေဖွဲ့  တိမ်ထက်၌

ပြန်မကျလေရယ် မြိန်ယှက်လို့ ..

ဆန္ဒတွေနဲ့  ငြိမ်သက်လို့ ခစားပါကွာ...

Read More...

အစုံသုတ်တစ်ပွဲ...

မာယာအခင်းအကျင်းပါ..
ကျွန်တော်ကော်ပတ်ရုပ်မဟုတ်ဘူး...
ဒါပေမယ့် သံပါတ်တပ်စက်ဦးနှောက်ကိုတပ်ဆင်မိတယ်..
သူမနှိပ်လိုက်မယ့် Mass Destruction အတွက်..

ဖွဖွလေးပါ ..
သူမထိုးတဲ့ဓါးတလက်
သူရဲကောင်းရွေးမယ့်နေရာမှာမဟုတ်ဘူး..
အချစ်တွေအတွက် စတေးလိုက်တာပိုးဆိုးပါတ်စက်..

နေ၀င်ဖို့ ကို လူတွေငေးကြတယ်..
ဒါပေမယ့် အတွေးမှာရမ္မက်တွေနဲ့ ..
ဘာသာဗေဒတွေနဲ့ မငြိစွန်းသောရင်မှာ..
အဆွေးတချက်ကြောင့် ဦးနှောက်ပျက်ပေါ့..

ညခင်းလွှာနေခြည်တွေကို ငါမပိုင်..
အိမ်မက်တွေကို ငါမဖန်ဆင်း
သိမ်မွေ့ နုညံ့မှုကို ငါဒမြလိုမတိုက်ပါ..
အားလုံးလားရာမတူညီတဲ့ မျဉ်းဖြောင့်ဆိုရင်
ငါ့အလွမ်းတွေအတွက် ဝေးဝေးလံလံမှာမဆုံနိုင်အောင်ပြေးပေါ့..
ဒါပေမယ့်မှတ်ပါ ရက်တွေမှာငါသတိရခြင်းတွေပိုင်တယ်..

Read More...