ရင်ငြိပန်းမို့ ဝေ့လည်ကြွေ..
ထင်သိအနမ်း တို့ သွေ့ လည်နေ...
ရင်ထိအလွမ်းတို့ မြေ့  လယ် ခြွေ...
ထင်သိ ကမ်းတို့  ရွေ့ ပယ်ကာ အဝေးသို့  နေနေကြပေါ့.....
ကြေငြာခြင်း..
Donation from International students and workers from Malaysia via by Monestary
ကျွန်တော်အကြိုက်ဆုံးသီချင်း
Monday, June 2, 2008
တိုက်စား ပန်း...
Posted by
BLANK PAPER
at
5:20 AM
0
comments
Labels: My Poems in Burmese
၁ နှစ် ပြည့်ရန် ၁ လအလို...
ရာသီတွေ လက်ချိုးရေလို့ ..
ကဗျာသည်လည်း အထက်မိုးဆွေသို့ ..
နာရီလည်း ၁၂ ကြိုးသေလို့ ..
ငါသည်လည်း ပျက်ဆိုးမြေသို့ ...
Posted by
BLANK PAPER
at
4:22 AM
0
comments
Labels: My Poems in Burmese
Thursday, May 29, 2008
ဘ၀နဲ့ ဘ၀င်များအစည်းမကပ်သော်..
မတောက်ပသော အိပ်ကပ်များလဲရှိ
ပျောက်ရှသော စိတ်ဓါတ်များလဲအသိ..
နောက်ကျသော အရိပ်နက်များနဲ့ ငြိ...
ဂေါက်ပြ သော အတိတ်ဓါတ်များနဲ့  ချိနဲ့ လို့ ...
Posted by
BLANK PAPER
at
2:00 AM
0
comments
Labels: My Poems in Burmese
ဖွဲ့ တည်ရာ..
ရင်ကို လှုပ်ခတ်စေသော ဆွဲလဲလေးလေဆိတ်သုန်းလို့ ..
ပဲ့တင်သံတွေ မခက်တော့တဲ့ နှလုံးနံရံတွေမှာ ဖွဲ့ တည်တယ်..
ကြည်လင်သောမျက်ဝန်းလေးတွေလေ..
မဆုံနိုင်ခြင်းတွေနဲ့ ဖွဲ့ တည်တယ်..
ရာသီကြိုသစ်ပင်လေးတွေလေ..
မြေသြဇာ ငတ်လင့်မှုအတွက် ဖွဲ့ တည်တယ်..
အိမ်မက်တွေကကော..
မရောက်ရှိလာခြင်းများကြား ဖွဲ့ တည်တယ်..
ရိုးပျက်အတိတ်တွေကကော...
အလင်္ကာတွေအဖြစ် ဖွဲ့ သီကြရောတဲ့..
Posted by
BLANK PAPER
at
1:41 AM
0
comments
Labels: My Poems in Burmese
မျက်ဝန်း..
ရိုက်ခက်စဉ် ဒီမိုး..
လိုက်ဖက်ချင် ဒီအဆိုးတို့ နဲ့ ..
မြိုက်ချက်ဝင် Heat မျိုးတို့ ဖွဲ့ ..
စိုက်သတ်ချင် အကြည့်မျိုးတို့ နဲ့ နော်..
Posted by
BLANK PAPER
at
1:22 AM
0
comments
Labels: My Poems in Burmese
Monday, May 26, 2008
လမ်း..
ဘာ့အတွက်များ ငိုငြီး..
ငါ့အတွက်တော့ တစ်ကိုယ်တည်း..
အညတရရဲ့  ဒီခရီး..
အလှအပအတွက်နဲ့ ဆိုတီးအုန်းမယ်..
Posted by
BLANK PAPER
at
2:34 AM
0
comments
Labels: My Poems in Burmese
ည ခိုးဝေ...
ကန္တရမှာ စန္ဒာလက
ထွက်ပေါ်တစ်ခြမ်း
ဖက်ခေါ်ကာနမ်းလို့ မရ..
အထက်ပျော်စရာ မှန်းလဲမ၀..
ရက်မှော်ဆရာ လွမ်းတဲ့ဘ၀....
တစ်သက်လျှော်ကာလေ မြန်းတဲ့ ည......
Posted by
BLANK PAPER
at
1:18 AM
0
comments
Labels: My Poems in Burmese
