
အလင်းရောင်နဲ့ တောင်ပံတွေရယ်..
မင်းအမှောင်ရဲ့  သကောင်ယံနွေမှာ..
အတင်းလောင်တဲ့ အဆောင်ပြန်လေ၌
ပျံတက်လို့ ကြွေ မာန်မျက်လို့ ပြေစေသား.....
ကြေငြာခြင်း..
Donation from International students and workers from Malaysia via by Monestary
ကျွန်တော်အကြိုက်ဆုံးသီချင်း
Monday, April 14, 2008
Angel of Capricorn သို့ ....
Posted by
BLANK PAPER
at
6:05 AM
0
comments
Labels: My Poems in Burmese
အသစ်တွေအတွက်...

အတာရေရယ် ချယ်ကာမွှန်း..
အခါနွေဝယ် ကြွယ်ခါရွှန်းတော့..
ကဗျာတွေ ကွယ်ကာသွန်းတဲ့...
ဘာဝနာတွေ ရွယ်ကာ ထွန်းတယ်
ပက်ဖျန်းပါအုန်း...
Posted by
BLANK PAPER
at
4:15 AM
0
comments
Labels: My Poems in Burmese
Saturday, April 12, 2008
စောက်ကျိုးနဲ ကျွန်တော်..
နာကြဉ်းစရာ တထပ်ကြီး..
ငါ feel လာ ဆက်ညီးနေတော့..
အခါကြီးသာ ရက်ကြီးမှာ....
အတာမီးဟာ ပျက်ချည်းသာ..
Posted by
BLANK PAPER
at
2:10 AM
2
comments
Labels: My Poems in Burmese
Thursday, April 10, 2008
မြင်ယောင်တယ်....တန်ခူး
အမြူးတွေခြေကြွ..
အရူးတွေဖြေမရအောင်..
မူးကာလေထွေပြ..
တန်ခူးလေခြွေချလို့ 
ခွေကမဲ့ပွဲ...
Posted by
BLANK PAPER
at
6:34 AM
0
comments
Labels: My Poems in Burmese
ဖုန်းဆိုး...
အတိတ်နုနု မြက်ခင်းတခုကို
ရင်ထဲပျိုးချ မျိုးလှဖို့ ...
အတိုးချလို့ စိုက်ပျိုး...
မိုးမရတော့ ငါအဆိုးတွေနဲ့ ပွကျန်...
အဲဒါဘ၀အမှန်မို့  အလှသဏ္ဍန်နဲ့  ညစံစေသား...
Posted by
BLANK PAPER
at
5:38 AM
0
comments
Labels: My Poems in Burmese
နတ္ထိတံ....
ရင်ခွင်ထဲသို့ ...
ပြောင်းရွှေ့ လာသော အလွမ်းများ...
ဟောင်းမြေ့လာသော အနမ်းများ...
တောင်းသ၍ မလာသော မေတ္တာလေးများသည်..
ကောင်းသရွေ့ သာယာပါစေသား....
Posted by
BLANK PAPER
at
5:19 AM
0
comments
Labels: My Poems in Burmese
Tuesday, April 8, 2008
ကျွန်တော်နှင့်ခရီးနှင်မိုးတိမ်...
မိုးရွာတိုင်းလည်း မိုးရေထဲထွက်ထွက်ရပ်ရလို့ ဖျားချင်ပြီ..
ရင်ထဲက ရေခဲမြစ်တွေ မလိမ့်တပါတ်နဲ့ အရေပျော်ခိုင်းမလို့ လေ..
ဒီအချိန်မှာအရောင်ပြောင်းတဲ့ တိမ်တွေခရီးနှင်နေလေရဲ့ ..
ဖွာလန်ကျဲနှလုံးသားတစ်စုံ ခရီးနှင်တိမ်တွေအတွက်ခင်းထားပေးတယ်..
နင်းချင်ရင်နင်းသွားလေ လိုရာခရီးရောက်ဖို့ ပဲမဟုတ်လား...
I didn't know when would you leave me.But I already packed love,care,
understanding, faith, loyalty and forgiveness for your journey.
You can consume it when u feel tired in your journey.
I can assure you that I will never hope to get anything back for sake of its.
I just look forward to give you everything...
ဘာပဲဖြစ်ဖြစ်မိုးရေကောင်းတုန်းရွာထားလိုက်ပါ...
ရေခဲမြစ်တွေ အရေပျော်ချိန်တန်လို့ လေ...
Posted by
BLANK PAPER
at
5:02 AM
3
comments
Labels: My Poems in Burmese
