တိမ်ရောင် ခဲချယ်..
အိမ်တဆောင် ထဲဝယ်..
ကျိန်ဆောင် မြဲတယ်..
ကျွန်တော့်ရဲ့  မှိန်ကြောင် အလွဲငယ်...
ကြေငြာခြင်း..
Donation from International students and workers from Malaysia via by Monestary
ကျွန်တော်အကြိုက်ဆုံးသီချင်း
Tuesday, March 25, 2008
လွဲနေတယ်...
Posted by
BLANK PAPER
at
7:51 AM
0
comments
Labels: My Poems in Burmese
Monday, March 24, 2008
Quote လေးတခုကို ပြန်ဆိုကြည့်သည်..
မိုးရွာတာကို နှစ်သက်တယ်ဆိုတဲ့ မင်း ဘာလို့ ထီးဆောင်းတာလဲ..?
နေပူတာကြိုက်တယ်ဆို ပြီး မင်း ဘာလို့  အရိပ်ကိုရှာတာလဲ...?
လေနုနုအေးတွေကို မြတ်နိုးတယ်ဆိုပြီ မင်း ဘာလို့  အိမ်တံခါးပိတ်လိုက်တာလဲ...?
ငါ့ကို ချစ်တယ်ဆိုတာကော မင်း ....????????
Posted by
BLANK PAPER
at
7:27 AM
1 comments
Labels: My Poems in Burmese
အိမ်မက်တွေလေလည်၍ ခွေးဝမ်းသာသော်..
မနက်စောစောပဲရှိအုန်းမယ်..ဘာရောင်နီကိုမှ မကြိုလင့်တဲ့နေ့ ပေါ့..အိပ်နေလိုက်
တာ နာရီတွေဘယ်ဆီခုန်ပေါက်လို့  မသိ..အသံတခုကြားရတယ်..ဆဲလဲလေးများလေနှင့်
အတူပွတ်တိုက် ရိုက်သလိုလို..ကျွန်တော်ပဲ သာယာတေးသွားကို နစ်မြောမိသလိုလို..ဒိန်း
တလိန်းနက်ဝင်ရောက်ပူးတာလား..
သူမ ။ ။ ကို..အိပ်ပုပ်ကြီးလိုက်တာ ထတော့လေ...
အိပ်မှုန်စုတ်ဖွားနဲ့ ..
ကျွန်တော် ။ ။ ချစ် ကိုယ့်ဆီလာတယ်နော်..
သူမ ။ ။ ဘာလဲမလာရဘူးလား..ဒီနေ့ ဘာနေ့ လဲသိလား...
ကျွန်တော်သူမ မသိအောင် ပြက္ခဒိန်ကိုကြည့်လိုက်တယ် ပထမဆုံးနေ့ April ...
ကျွန်တော် ။ ။ ဟုတ်သားပဲ ချစ်ရယ်..Anniversary ပဲ.. ( ) နှစ်တောင်ပြည့်ပြီနော်..
သူမ ။ ။ မနက် ၁၂ နာရီက ဖုန်းမဆက်လို့ ..လိုက်လာရတာ..မေ့နေပြီလားလို့ ..
ကျွန်တော် ။ ။ မမေ့ ဘူး ချစ် ကို အနှောက်အယှက်ဖြစ်မှာစိုးလို့ ..ကဲလာ ကိတ်မုန့် 
သွားဝယ်မယ်..ဈေးဝယ်ထွက်ရင်း တခုခုစားမယ်..လောလောဆယ်
ဘုရားမှာဆုတောင်းမယ်..
သူမ ။ ။ ဘာကို ဆုတောင်းမှာလဲ?
ကျွန်တော် ။ ။ ကိုယ်တို့ အချစ်တွေ ဒီနေ့ က စပြီး နှစ်ပေါင်းများစွာတိုင်အောင်လေ..
ပြီးတော့ကိုယ်လွမ်းခဲ့တဲ့နေ့ တွေအကြောင်းပြောမယ်..ဘယ်လောက်
ချစ်ကို ကိုယ်တွေ့ ချင်ကြောင်း..ပြီးတော့ ကိုယ်ဒီအခန်းလေးမှာ တ
ယောက်ထဲမနေချင်တော့ဘူး..စကားပြောမယ့်သူဆိုလို့  online ပဲ
ရှိတာ...ခွေးလေးလဲသေသွားပြီ..ယုန်လေးလဲသူများယူသွားပြီ..
ကိုယ် ချစ်ကို မျှော်နေတာကြာပြီလေ..
ကျွန်တော်ပြောတဲ့ စကားတိုင်းကို လေးလေးနက်နက်နားထောင်ပြီး ကျွန်တော့ကို
သူမ ကြည့်နေလေရဲ့ ...
သူမ ။ ။ ကို..ဒီနေ့ က ဘာနေ့ လဲ
ကျွန်တော် ။ ။ ချစ်နဲ့ ကိုယ်နဲ့ Anniversary လေ..
သူမ ။ ။ မဟုတ်သေးဘူး ..ဘယ်နှရက်နေ့ လဲ..ဘယ်လလဲ..
ကျွန်တော် ။ ။ April 1 ရက်နေ့ လေ..ဘာဖြစ်လို့ လဲ..
သူမ ။ ။ April fool ဆိုတာကိုသိလား?...
"ဧပရယ် ပြော Anniversary
သေဖွယ်သော တရံတခါဆီ သို့ ..
ဖြေမဆယ်သော အသံ လာရာဆီ ၌
ကြွေလွယ်သော ကံကြမ္မာသည် စောင့်နှင့်၏...."
ကျွန်တော် ရုတ်တရက်လန့် နိုးသွားတယ်..ဟုတ်တယ် ဒါဟာအိမ်မက်ပါ..ကျွန်
တော် ညက ဘုရားမရှိခိုးပဲအိပ်မိတာဖြစ်မယ်..ကျွန်တော်ရေ ထသောက်လိုက်တယ်..
အချိန်ကို ကြည့်လိုက်တော့ မနက် ၅ နာရီပါ..ကျွန်တော် ဘေးမှာ လရိပ်လေးတခုဖြာ
ဆင်းဆဲ..ဘုရားထရှိခိုးပြီးဆုတောင်းသာဓုခြွေလိုက်တယ်..ဘာဆုတောင်းလဲဆိုတာ
တော့ဗျာ............
စိတ်ကူးများသာ ချမ်းသာသော..
Blank Paper..
Posted by
BLANK PAPER
at
7:10 AM
1 comments
Labels: My Article
Saturday, March 22, 2008
ကျွန်တော့်ရပ်ကွက်မီးပျက်နေသည်...
မျက်ဝန်းတွေထဲ စစ်ဆေးကြည့်ပါ..
အိမ်မက်ခါးချက်တွေရဲ့  လေးလံမှုကို အခုထိတာဝန်ယူထားတုန်း..
ကဗျာတွေရဲ့  ရိပ်သိမ်းချိန်ကို မေးပါ..
အလေ့ကျပေါက်နေသော နွေဓါတ်တို့ က ၀န်းရံလို့ 
သိပ်သည်းနေသော မေတ္တာအကြောင်းကော..
ရှည်ရှည် ဝေးဝေးမတွေးနဲ့  မန်ယူကို အပိုင်အောလိုက်ဆိုတဲ့ လောင်းကစားသမားလိုပဲ မန်စီးတီးနဲ့  လဲတွေ့ ရော..
သွေးပျက်ခြင်းရဲ့ နမ၀ိသေသနဟာ ကျွန်တော်မဟုတ်ပေမယ့်
မီးထဲပါသွားတာကို ကြည့်နေရတဲ့ စက်ရုံသဋ္ဌေးလိုလိုဘာလိုလို..
ဘာတွေကို သွေဖယ်နေမှာလဲ မင်းဝန်ခံလိုက်စပ်းပါ Nemesis..
ဟုတ်ကဲ့, ကျွန်တော်က အာဒံအမျိုးနွယ်ထဲမှာ ပါဝင်သူမဟုတ်ပဲ သူတို့ စားတဲ့အသီးရဲ့ မျိုးစေ့က ပေါက်လာတာပါ..
ကျွန်တော် အစားသုံးခံရပေမယ့် မနာကြဉ်ဘူးလို့ မှတ်ယူရင်း စိတ်ချမ်းသာကြပါစေဗျာ..
Posted by
BLANK PAPER
at
6:01 AM
0
comments
Labels: My Poems in Burmese
မှော်ဝင်တေး....
အိမ်မက်တွေထဲ ခုန်ဆင်းကာ...
ရင်ခွင်တွေရဲ့  ဘုံသီချင်းမှာ...
စိတ်ဓါတ်တွေ တုန်ဆင်းလို့ ပြို ...
အဆိပ်သက်နွေ ထုံးသင်းလို့ ချို နေဆဲပါ..
Posted by
BLANK PAPER
at
5:54 AM
0
comments
Labels: My Poems in Burmese
Thursday, March 20, 2008
ခပ်ဖွယ်ဖွယ်ကဗျာအန် နေ့ လေးများ...
ကဗျာတွေနဲ့ စပ်ဆိုတာ...
အထာတွေနဲ့ အချပ်မပိုပါ...
အနာတွေနဲ့  ထပ်မချိုသာတော့...
ရက်အငိုမှာ ထပ်သဂြိုလ်ပါ...
Posted by
BLANK PAPER
at
7:56 AM
0
comments
Labels: My Poems in Burmese
ကြယ်ရောင်ပျောက်ငေးသူည...
ကြယ်ပြောင်ထွေလာ မှိန်တေးသည်...
ဖယ်ရှောင်နွေကဗျာ အငြိမ်အတွေးဝယ်...
မထည်ဆောင်နေပါ အိမ်ကလေးနှယ်.....
ရယ်လှောင်နေပါ တိမ်လေးရယ်...
Posted by
BLANK PAPER
at
7:38 AM
0
comments
Labels: My Poems in Burmese
