နံနက်အသစ်တစ်စုံနဲ့ ..
ရက်အသစ်တွေ ငုံကာထွေးထုတ်..
ငတ်အချစ်တွေ ပြုံကာသွေးစုပ်...
Heart ထစ်ကြွေ ကုန်ကာဆွေးနှုတ်လို့ ...
ကြေငြာခြင်း..
Donation from International students and workers from Malaysia via by Monestary
ကျွန်တော်အကြိုက်ဆုံးသီချင်း
Sunday, June 22, 2008
ကွဲကြွေခြင်းများလဲ..
Posted by BLANK PAPER at 7:50 AM 0 comments
Labels: My Poems in Burmese
ဖော့နင်းကာဝင်ရောက်ခြင်း...
သရဖွဲ့ အလင်္ကာ..
တစ်ညရဲ့ အမြင်လွှာ၌..
အလှဖွဲ့ အကြင်နာတို့ ...
ခနွဲ့  ရင်မှာ ညင်သာပါ၏....
Posted by BLANK PAPER at 7:39 AM 0 comments
Labels: My Poems in Burmese
ညမွှေးပန်း...
ဝတ်ဆံပျိုတို့ 
အသစ်တရံ ယိုကာခိုတွဲ..
အပြစ်သဏ္ဍန် ပိုကာလိုမြဲနေလဲ..
ကြိုမြဲရင်မှာ ငိုမြဲစဉ်သာ မျှညီ..
လသည်သာ ငါ့မည်သာ အလှဖွဲ့ ..
ခ မည်သာ တ ရည် ကြင်နာ ခဏနဲ့ ...
ပရဖွဲ့ လင်္ကာမြည်ဟီး ရမ်းရော် ...
မှန်းမျှော်အစဉ် နန်းတော်ဝင်က ပန်း ရယ်..
Posted by BLANK PAPER at 7:23 AM 0 comments
Labels: My Poems in Burmese
နုညံ့ခြင်း အတိမ်အနက်လေးများ..
အလင်းနက်နက် အတိဖွေး..
မျှင်းတသတ်သတ် မြိဆွေးလို့ ..
ယင်းတထပ်ထပ် ဖိတွေး
နှင်းတပ်မက် အကြည့်လေး....
Posted by BLANK PAPER at 7:05 AM 0 comments
Labels: My Poems in Burmese
Saturday, June 21, 2008
July အတွက်တေးတစ်ပုဒ်...
တေးသံအသစ်တွေ ရွာချလိုက်မယ်..
ကောင်းကင်ကို နားတွေ မော့ထားလိုက်...
နံနက်တွေအတွက် အစားအသောက်ရှိတယ်..
မင်းနုတ်ခမ်းများရဲ့ မင်္ဂလာရှိမှု...
လေလွင့်နေတဲ့ အိမ်မက်များရှိတယ်...
ငါ့ရင်ခွင်မှာ အလေ့ကျပေါက်လို့ ..
အလွမ်းတွေအတွက် ထွန်ယက်ရင်ရော..
နှလုံးအိမ်ရဲ့ ကြမ်းရှရှ တိမ်တိုက်တွေညိုလို့ ...
ရွာလိုက်တော့ကွာ မိုးရေတွေစိုလို့ ...
Posted by BLANK PAPER at 8:10 AM 0 comments
Labels: My Poems in Burmese
ရင်ခုန်ခြင်းလော...
စိမ့်ဝင် အကြင်နာပတ်ပျိုးလွှာ..
အိပ်ချင် လင်္ကာတသက်မရိုးပါ...
စိတ်အစဉ် ပညာသတ်မိုးကဗျာနဲ့ ..
အရိပ်ထင် ရင်ခွင်ဖွဲ့ ရိုးရာတဲ့...
Posted by BLANK PAPER at 7:36 AM 0 comments
Labels: My Poems in Burmese
ချစ်ပါ၏..
သဒ္ဒါတွေ ခူးရစ်
တာရာခြွေ ထုဆစ်
ကဗျာတွေနဲ့ မူးရစ်လို့ ..
ငါသာလေ အထူးချစ်လို့  အရူးဖြစ်နေပေါ့..
Posted by BLANK PAPER at 7:24 AM 0 comments
Labels: My Poems in Burmese
Saturday, June 14, 2008
ဇွန်...
ခက်နွယ် ဇွန်ပန်း..
ဒီပင်နန်း၌ ..
မြစ်တွယ်ထင်မိုး....
သစ်ချယ် ပင်ပျိုးလို့ 
ရင်တန်ခိုးနဲ့ ဆင်မျိုးလှစေမင်း...
Posted by BLANK PAPER at 11:13 PM 0 comments
Labels: My Poems in Burmese
မျက်နှာများတဲ ကံရေ..
နတ်ဘုရားတွေ ရက်အမှားတွေနဲ ဆုချတာလား..
သက်ထားရေ နံနက်အဖျားတွေနဲ့ ပြုပြတာလား....
လက်ဖျားတွေ မှတ်သနားဆွေဖို့ နုရွတာလား...
ပျက်စကားခြွေ ဆက်များနေတော့ သုဘထံပါး....
Posted by BLANK PAPER at 4:26 PM 1 comments
Labels: My Poems in Burmese
Thursday, June 12, 2008
မျက်ဝန်းများခရီးထွက်သော်..
ဆံစတွေရဲ့  အတိမ်အနက်..
သဏ္ဍန်အလှတွေဖွဲ့  တိမ်ထက်၌
ပြန်မကျလေရယ် မြိန်ယှက်လို့ ..
ဆန္ဒတွေနဲ့  ငြိမ်သက်လို့ ခစားပါကွာ...
Posted by BLANK PAPER at 8:07 AM 0 comments
Labels: My Poems in Burmese
အစုံသုတ်တစ်ပွဲ...
မာယာအခင်းအကျင်းပါ..
ကျွန်တော်ကော်ပတ်ရုပ်မဟုတ်ဘူး...
ဒါပေမယ့် သံပါတ်တပ်စက်ဦးနှောက်ကိုတပ်ဆင်မိတယ်..
သူမနှိပ်လိုက်မယ့် Mass Destruction အတွက်..
ဖွဖွလေးပါ ..
သူမထိုးတဲ့ဓါးတလက်
သူရဲကောင်းရွေးမယ့်နေရာမှာမဟုတ်ဘူး..
အချစ်တွေအတွက် စတေးလိုက်တာပိုးဆိုးပါတ်စက်..
နေ၀င်ဖို့ ကို လူတွေငေးကြတယ်..
ဒါပေမယ့် အတွေးမှာရမ္မက်တွေနဲ့ ..
ဘာသာဗေဒတွေနဲ့ မငြိစွန်းသောရင်မှာ..
အဆွေးတချက်ကြောင့် ဦးနှောက်ပျက်ပေါ့..
ညခင်းလွှာနေခြည်တွေကို ငါမပိုင်..
အိမ်မက်တွေကို ငါမဖန်ဆင်း
သိမ်မွေ့ နုညံ့မှုကို ငါဒမြလိုမတိုက်ပါ..
အားလုံးလားရာမတူညီတဲ့ မျဉ်းဖြောင့်ဆိုရင်
ငါ့အလွမ်းတွေအတွက် ဝေးဝေးလံလံမှာမဆုံနိုင်အောင်ပြေးပေါ့..
ဒါပေမယ့်မှတ်ပါ ရက်တွေမှာငါသတိရခြင်းတွေပိုင်တယ်..
Posted by BLANK PAPER at 7:41 AM 0 comments
Labels: My Poems in Burmese
ထွက်ခွါခြင်း...
ပြေးထွက် ကညာပျိုရယ်..
တေးထပ် ကဗျာအိုတွေကို
ဆွေးအက် မာယာချိုတွေနဲ့ ..
လေးနက် သာယာသလိုလိုနဲ့ ...
ရေးခဲ့ သဒ္ဒါချိုချိုတွေနဲ့ ပေါ့...
Posted by BLANK PAPER at 7:18 AM 0 comments
Labels: My Poems in Burmese
Thursday, June 5, 2008
ပြာရည်ရောင်နေ့ ရက်များ...
ခါတ်နှိပ်ပါ နတ်လိပ်ပြာရယ်..
အသက် အစိတ်မှာ ရက်အတိတ်တွေဖွါနေလို့ ..
တံဆက်မြိတ်မှာ Heart အရိပ်လွှာ ကဗျာတွေရွတ်ခြွေ..
ပျက်ဆိမ့်ငှာ နံနက် အိပ်ယာ သဒ္ဒါတွေ လွတ်ကြွေနေတယ်....
Posted by BLANK PAPER at 4:54 AM 0 comments
Labels: My Poems in Burmese
Virgo ကိုတိုင်တည်ခြင်း...
Venus of Virgo ရေ..
အပြီးသတ်တဲ့ ညမျိုးအတွက်..
ထီးတလက်နဲ့ လ မိုးထားပါ..
ကီး အပျက်နဲ့ ဘ၀မျိုးကို...
ကြီးမြတ်တဲ့ အလှတန်ခိုးတို့ နဲ့ ပေါ့..
Posted by BLANK PAPER at 4:45 AM 1 comments
Labels: My Poems in Burmese
Wednesday, June 4, 2008
သူမ Essay
အနွေးဓါတ် အသစ်လေးအတွက်..
ပြေးထွက် ပြစ်ပြေးတဲ့...ချစ်လေး
စတေးမှတ် ခြစ်ရေးကာ..
ဆွေးချက်တွေနဲ့  ညစ်ထေးလို့ ..
Posted by BLANK PAPER at 2:22 AM 1 comments
Labels: My Poems in Burmese
Monday, June 2, 2008
စိတ်တို့ ကိုပြန်ပေး...
ပြိုပျက်ပြေးပါ...
အိုခက် တေးလွှာရေ..
ဆိုချက် ရေးကဗျာနဲ့ ..
အပိုထပ်မမေးပါ..
ငိုတတ်သေး တာ...
ညိုအက် အတွေးမှာ..
Posted by BLANK PAPER at 7:25 AM 0 comments
Labels: My Poems in Burmese
တိုက်စား ပန်း...
ရင်ငြိပန်းမို့ ဝေ့လည်ကြွေ..
ထင်သိအနမ်း တို့ သွေ့ လည်နေ...
ရင်ထိအလွမ်းတို့ မြေ့  လယ် ခြွေ...
ထင်သိ ကမ်းတို့  ရွေ့ ပယ်ကာ အဝေးသို့  နေနေကြပေါ့.....
Posted by BLANK PAPER at 5:20 AM 0 comments
Labels: My Poems in Burmese
၁ နှစ် ပြည့်ရန် ၁ လအလို...
ရာသီတွေ လက်ချိုးရေလို့ ..
ကဗျာသည်လည်း အထက်မိုးဆွေသို့ ..
နာရီလည်း ၁၂ ကြိုးသေလို့ ..
ငါသည်လည်း ပျက်ဆိုးမြေသို့ ...
Posted by BLANK PAPER at 4:22 AM 0 comments
Labels: My Poems in Burmese